0

အဏ္ဏဝါပြတိုက်များတွင် ယဉ်ပါးအောင် လေ့ကျင့်ပေးထားသည့် လင်းပိုင်လေးများက ဧည့်သည်များကို လက်ဆွဲနှုတ်ဆက်ပြသည်။ သို့သော်လည်း ဧရာမ ဝေလငါးကြီး တစ်ကောင်နှင့် လူတစ်ယောက် လက်ဆွဲနှုတ်ဆက်နေသည့် မြင်ကွင်းမျိုးမှာမူ ကွဲပြားသော အခြေအနေ တစ်ခုဖြစ်သည်။ ရေငုပ်သမား တစ်ဦးသည် ပင်လယ်ရေအောက်တွင် ကူးခတ်နေသည့် အရှည်(၅၂)ပေရှိသော ဝေလငါးကြီးထံ ချဉ်းကပ်သွားသည်။ ထို့နောက် ဝေလငါးကြီး၏ ရေယက်ကို ၎င်း၏လက်ဖြင့် ထိကိုင်လိုက်သည့်အခါ လက်ဆွဲနှုတ်ဆက်နေသကဲ့သို့ ထူးခြားသော ပုံရိပ်မျိုး ဖြစ်လာခဲ့သည်။

ဟာဝိုင်ယီကမ်းလွန်တွင် သဘာဝအတိုင်း ကျက်စားလှည့်လည်နေသည့် ကျောခုံးဝေလငါးအုပ်ကြီးအတွင်း၌ ကူးခတ်နေသည့် ရေငုပ်သမား တစ်ဦးနှင့် ၎င်း၏ သူငယ်ချင်းတို့ ပူးပေါင်းကာ အဆိုပါ ဓာတ်ပုံကို ရိုက်ယူလာခြင်း ဖြစ်သည်။ နှစ်ထပ်ဘတ်စ်ကား အကြီးစားကြီး တစ်စင်းစာမျှ ရှိနေပြီး ကိုယ်အလေးချိန် ပေါင်(၈၀၀၀၀)မျှ လေးလံသည့် သတ္တဝါကြီးများသည် အေးချမ်းပျော်ရွှင်စွာ ကူးခတ်နေခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ဓာတ်ပုံဆရာ မာဆာအူရှီယိုဒိုသည် အဆိုပါ မျက်စိပသာဒ ဖြစ်လောက်စရာ ရေအောက်ရှုခင်းကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟာဝိုင်ယီအနီးရှိ ဟိုနားတွင် ပြောင်းရွှေ့နေထိုင်လျှက်ရှိသော အူရှီယိုဒိုက “အဲဒီအကောင်ကြီးက ဝေလငါး အမကြီးပါ။ ဗိုက်သားဖြူဖြူကြီးတွေနဲ့လေ။ သူတို့က လူတွေနဲ့ အရမ်းယဉ်ပါးတယ်။ ပြီးတော့ စပ်စုချင်စိတ်လည်း သိပ်များတယ်။ သူက ရေယက်ကို ကားကားထုတ်ပြီး လူတွေနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့ချင်တဲ့ ပုံစံမျိုး ကြိုးစားနေခဲ့တာပါ။ ဘေးနားမှာ ကူးခတ်နေတဲ့ ဝေလငါး အထီးတွေကတော့ အန္တရာယ်များတယ်။ ဒီဗိုက်သားဖြူဖြူ ဝေလငါးအမကြီးကို အရယူဖို့ သူတို့ချင်း ပြဿနာ တက်နေကြတယ်လေ”ဟု ရှင်းပြခဲ့သည်။

အူရှီယိုဒိုတို့ သူငယ်ချင်း နှစ်ဦးသည် ပင်လယ်ရေပြင်အောက် အနက်ပေ(၅၀)ကျော်မျှသို့ ဆင်းသက်ကာ ဝေလငါးများကြား ရေကူးခဲ့ခြင်း ဖြစ်သည်။ ၎င်းက “ကျောခုံးဝေလငါးတွေဟာ သာမန်အားဖြင့်တော့ အေးဆေးယဉ်ပါးတဲ့ သတ္တဝါတွေပါ။ ဒါပေမဲ့ လူတွေနဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့ကြည့်ဖို့ ဆိုတာလောက်ထိတော့ မနီးစပ်ကြဘူး။ ဒီဖြစ်ရပ်ကတော့ ထူးခြားပါတယ်”ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Aye Chan Mon# Credit To :Planet Myanmar Network
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (4 photos)

Post a Comment

 
Top