0


ဘောလုံးကွင်းထဲ စည်းမဲ့ကမ်းမဲ့ ပြေးဝင်လာတတ်သည့် ပရိသတ်များကို လိုက်လံဖမ်းဆီးရသည်မှာ ကွင်းလုံခြုံရေး (စတီးဝပ်) တစ်ဦး၏ ငြီးငွေ့စရာ အလုပ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဆမ့်ဒိုးရီးယား အသင်းမှ စတီးဝပ် တစ်ဦးမှာမူ ယင်းအလုပ်မျိုးကိုပင် ပီတိဖြစ်လောက်စရာ အခြေအနေမျိုး ကြုံခဲ့ရသည်။ အီတလီ စီးရီးအေ အမှတ်ပေး ပွဲစဉ်အဖြစ် နာပိုလီက ဆမ့်ဒိုးရီးယားကို အဝေးကွင်းတွင် (၅-၂)ဖြင့် အနိုင်ရခဲ့ပြီး အဆိုပါပွဲစဉ်တွင် ပရိသတ်တစ်ဦး ကွင်းထဲသို့ ပြေးဝင်လာခဲ့သည်။

ထုံးစံအတိုင်း စတီးဝပ်များ အနေဖြင့် ကွင်းထဲကျူးကျော်လာသူကို လိုက်လံဖမ်းဆည်းရန် အားထုတ်ခဲ့သော်လည်း အတန်ငယ် တွန့်ဆုတ်စရာ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကွင်းထဲပြေးဝင်လာသူမှာ အမျိုးသားတစ်ဦး မဟုတ်ဘဲ ချောမောလှပသည့် အရွယ်ကောင်း မိန်းကလေးတစ်ဦး ဖြစ်နေ၍ဟု သိရှိရသည်။ ပို၍လက်တွန့်စရာ ဖြစ်ခဲ့သည်မှာ အဆိုပါ မိန်းကလေးသည် အပြာရောင်ဝမ်းဆက် အတွင်းခံအဝတ်အထည်နှင့် Converse All Star ဖိနပ်တစ်ရန်မှလွဲပြီး မည်သည့်အဝတ်အစားမျှ ပါမလာခြင်း ဖြစ်သည်။ သူမလက်ထဲတွင် ဆမ့်ဒိုးရီးယား အသင်းတံဆိပ်ပါ အလံကိုလည်း ကိုင်ဆွဲလာခဲ့သည်။

အမျိုးသမီးသည် ထိုကဲ့သို့ ကွင်းထဲသို့ ပြေးဝင်လာရခြင်းကို ပျော်ရွှင်နေဟန်ရှိပြီး သူမကို ဝန်းရံလာသည့် လုံခြုံရေးများအား ရယ်မောနောက်ပြောင်ရင်း ရှောင်တိမ်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်မူ ဖိုးကံကောင်း စတီးဝပ် တစ်ဦးက သူမကို လက်ရဖမ်းကာ ပခုံးပေါ်တွင်ထမ်းပြီး ကွင်းပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

ထိုဖမ်းဆီးမှုတွင် ဝင်ဖမ်းသူရော၊ အဖမ်းခံရသူ အမျိုးသမီးပါ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောသာ ရှိနေခဲ့သည်ကို တွေ့ရသည်။ ဧည့်သည် နာပိုလီ အသင်းမှာမူ ယခုပွဲတွင် အနိုင်ရခဲ့ခြင်းကြောင့် ယခုနှစ် စီးရီးအေ အမှတ်ပေးဇယား အဆင့်(၃)နေရာအတွက် အာမခံချက် သေချာသွားပြီ ဖြစ်သည်။ နာပိုလီသည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း အီတလီ ရှုံးထွက် ကိုပါဖလားကို ဆွတ်ခူးရရှိထားပြီးဖြစ်သည်။

Aye Chan Mon# Credit To :Planet Myanmar Network
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (5 photos)

Post a Comment

 
Top