0

`ပထမဦးဆုံး ကျမ ဆရာနဲ့တွေ့ပြီးတော့ ဆရာနိုင်ငံရေး စ လုပ်တဲ့အခါမှာ ကျမပါတီနိုင်ငံရေး မလုပ်ချင်ဘူးဆိုပြီး ပြောခဲ့တယ်၊ အဲဒါကို ဆရာက ကျမကို ဆုံးမတယ်၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်၊ ပါတီနိုင်ငံရေးက ရှုပ်ကို ရှုပ်ပါတယ်၊ ဆရာက အဲဒီလို မပြောပါနဲ့၊ ပါတီနိုင်ငံရေးက ရှုပ်တယ်လို့ မပြောရဘူး၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမယ်၊ ရှုပ်တာ မရှုပ်တာကတော့ ကိုယ်ကကြည့်ပြီး လုပ်ရမှာပေါ့၊ ဆရာရဲ့ သြ၀ါဒကို အလေးအနက် ထားပါတယ်၊ ဆရာလည်း လက်ခံမှာပါ၊ အဲဒီတော့ လုပ်တဲ့အခါမှာလည်း အောင်မြင်အောင် လုပ်ရမယ်၊ နောက်ဆုံးတော့လည်း နိုင်ငံရေးဆိုတာ ကျမတို့ လလူ့လောကကြီးရဲ့ တစ်စိတ်တစ်ပိုင်း တစ်ခု၊ လူ့လောကကြီးဟာ ရှုပ်ထွေးပါတယ်၊ ရှုပ်တဲ့လောကကြီးမှာ နေပြီးတော့ ရှုပ်ထွေတဲ့ နိုင်ငံရေးမှာ ပါဝင်ပြီး ကျမတို့ အရှုပ်တွေကို လုံးဝရှောင်မယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး၊ တတ်နိုင်သလောက်တော့ ရှင်းအောင် လုပ်ရမှာပါ၊ ဘယ်လိုပုံစံနဲ့ ရှင်းအောင်လုပ်မလဲဆိုတာကတော့ ဘဘဦးဝင်းတင်းအနေနဲ့ နမူနာပြသသွားတယ်လို့ ထင်ပါတယ်။´

အဆိုပါ ဦးဝင်းတင်ကွယ်လွန်ခြခင်း ၁ လပြည့်ပွဲအား ယနေ့(မေလ ၂၀ရက်) တော်ဝင်နှင်းဆီစာသောက်ဆိုင်၌ ကျင်းပခဲ့ပြီး NLD နာယကဦးတင်ဦးနှင့် ၈၈ ငြိမ်းပွင့်မှ ကိုဌေးကြွယ်တို့ကလည်း အမှတ်တရ စကားများ ပြောာကားခဲ့ကြသည်။

ACM Credit To: News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/ (7 photos)

Post a Comment

 
Top