အောင်သူ(ဒေးဒရဲ) ၊ ရန်ကုန်၊ မေ ၃
သတင်းထောက်များ ဖမ်းဆီးထောင်ချခံရခြင်းသည် မီဒီယာ ဥပဒေ၏ ဟာကွက်ကြောင့်ဖြစ်ပြီး သတင်း သမားများအတွက် ကောင်းမွန်သည့် အ ခြေအနေမဟုတ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က ပြောသည်။
မေ ၃ ရက်က ချက်ထရီယံ ဟိုတယ်၌ ကျင်းပပြုလုပ်သော ကမ္ဘာ့စာ နယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
DVB သတင်းဌာနမှ သတင်း ထောက်ကိုဇော်ဖေအား ပိုင်နက်ကျူးလွန် မှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ဖမ်းဆီး ထောင်ချခြင်းနှင့်ပတ်သက်ပြီး ဦးအောင် ကြည်က ''ဒီလိုမျိုးကိစ္စလေးတွေ ဖြစ်လာ တဲ့ အဓိကအကြောင်းအရင်းကတော့ မီ ဒီယာဥပဒေ ဟာကွက်လေးဖြစ်နေတဲ့အ ချိန်မှာ ဖြစ်သွားတာလေ။ ကျွန်တော်တို့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ ဥပဒေနဲ့ နောက် သတင်းမီဒီယာဥပဒေ ထွက်ပေါ် လာချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ မီဒီယာ နဲ့ပတ်သက်တဲ့ ဥပဒေမရှိသေးတဲ့ အချိန် ဖြစ်နေတယ်''ဟု ပြောသည်။
လက်ရှိအချိန်တွင် မီဒီယာဥပ ဒေအား နိုင်ငံတော်သမ္မတမှ လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် ထွက်ပေါ်လာသည့်ဥပဒေများအား အ မြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် နည်း ဥပဒေများ လုပ်ထုံးလုပ်နည်းများလည်း ဆက်လက် ရေးဆွဲနေပြီဖြစ်ကြောင်း ယင်း က ဆက်လက်ပြောကြားသည်။
၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက် တွင် ထွက်ရှိခဲ့ပြီးဖြစ်သည့် သတင်းမီဒီ ယာ ဥပဒေသည် သတင်းသမားများအား အကာအကွယ်ပေးမှုများနှင့် သတင်းရ ယူပိုင်ခွင့်များအား တိတိကျကျ ဖော်ပြ ပေးခဲ့သည့်အတွက် သတင်းသမားများကို ကာကွယ်ပေးနိုင်မှု အပြည့်အဝရှိနိုင်သည် ဟုယုံကြည်ကြောင်း ယင်းက ဆိုသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်း ဆွေက ''၂ဝ၁၄ နောက်ပိုင်းမှ သတင်း ထောက်တွေ ဖမ်းတာတွေ ထောင်ချတာ တွေရှိသော်ရှိငြား တစ်ဖက်မှာလဲ ပွင့်ပွင့် လင်းလင်း ရေးလာနိုင်တာတွေ ရှိတယ် ဆိုတာကိုတွေ့ရတယ်။ သတင်းထောက် တွေ အခုချိန်မှာဖမ်းဆီးထောင်ချခံနေရတယ်ဆိုတာကလဲ မီဒီယာဥပဒေ အ သက်မဝင်ခင်စပ်ကြားမှာ ဖြစ်နေတာပါ'' ဟု ပြောသည်။
လက်ရှိအချိန်တွင် ELEVEN MEDIA GROUP မှ သတင်းထောက် မခိုင်နှင့်ီDVB သတင်းဌာနမှ သတင်း ထောက် ကိုဇော်ဖေတို့အား သတင်းရယူ စဉ် ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထောင် ချခဲ့ပြီး အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား တပ်မတော်ပိုင်လက်နက်စက် ရုံနှင့်ပတ်သက်သည့် သတင်းဆောင်းပါး ရေးသားဖော်ပြမှုဖြင့်ဖမ်းဆီးကာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲ အမှုဖွင့် ထားသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ဥက္ကဋ္ဌ ဦးမြင့်ကျော်က ''ကမ္ဘာ့သ တင်း လွတ်လပ်ခွင့်ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အစိုးရတွေအနေနဲ့ သတင်းလွတ်လပ်ခွင့် ကို လေးစားဖို့ လိုတယ်။ သတင်းလွတ် လပ်ခွင့်က လူ့အဖွဲ့အစည်းအတွက် တ ကယ်ကိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံ လို အသွင်ကူးပြောင်းရေးကာလကို ဖြတ် သန်းနေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပိုပြီး အရေးပါတယ်''ဟု ပြောသည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇
Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment