0

Q. ဟိုအရင်ခေတ်တုန်းကဆိုရင် အာဏာရှင်က တစ်ဖက်၊ ပြည်သူတွေအားလုံးကတစ်ဖက်၊ နှစ်ဖက်တည်းရှိတယ်။ အမျိုးမျိုးခွဲခြားစရာ မလိုဘူး။ အခုကျတော့ နေရာတိုင်းမှာ ၀ိဝါဒသဘောတရားတွေ ကွဲပြားကုန်တဲ့သဘောလားအစ်ကို။

A. အခုက ဒီလိုလေ။ နည်းပရိယာယ်တွေ၊ ဗျူဟာတွေပြောင်းလာ တာပေါ့။ အရင်တုန်းကဆိုရင် နှစ်ဖက်တည်း။ အခုကျတော့ ဘယ်လိုဖြစ် သလဲဆိုတော့ ကျွန်တော်လည်း တစ်ခါဖြေခဲ့ဖူးပါတယ်။ ကွင်းကြီးထဲမှာ လုံးထွေးသွားကြတဲ့အခါကျတော့ သူကလည်း ကိုယ့်ဝတ်စုံ ယူဝတ်မယ်။ ကိုယ့်နောက်ကျောရောက်လာတာ သူတို့လူတွေဖြစ်ချင် ဖြစ်နေမယ်။ လုံးထွေးသွားတာ။ လုံးထွေးသွားတဲ့အခါကျတော့ အင်မတန် ခွဲခြားရခက် တယ်။ နောက်ပြီးတော့ လူတွေကို အရင်လောက် နှိပ်ကွပ်ဖမ်းဆီးထောင်ထဲ ပို့တဲ့ နည်းမျိုးသုံးချင်မှ သုံးမယ်။ ဘယ်နည်းကိုသုံးသလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဘက်တွေလို့ မြင်သွားအောင်၊ ရဲဘော်ရဲဘက်အချင်းချင်း ပြိုင်ဘက်လို့မြင်သွားအောင်လုပ်တဲ့ ပုံစံမျိုးကို ပိုပြီးတော့ ခံတွင်းတွေ့သွားတာရှိတယ်။ အဲဒီတော့ တစ်ချိန်တုန်း က သေအတူ ရှင်မကွာ အတူတွဲခဲ့တဲ့ လက်တွေက အခုကျတော့ တစ်ယောက်နဲ့တစ်ယောက် တွန်းချမယ့် လက်တွေဖြစ်သွားရင်၊ တစ်ချိန်က အတူလျှောက်ခဲ့တဲ့ ခြေထောက်တွေက တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံ တာမျိုးတွေဖြစ်သွားရင် သူ့စရိတ်နဲ့သူ သွားတာမျိုးကို ပိုတောင်ကြိုက်သေး တာပေါ့။ ကျွန်တော်တို့က ညီညွတ်ပါလို့ ဘာလို့ပြောလဲဆိုရင် တကယ့် အဖြစ်အပျက်က အဲဒါပဲ။ ကျွန်တော်တို့ဟာ ရဲဘော်ရဲဘက်လား၊ ပြိုင်ဘက်လားဆိုတဲ့ အတွေးတွေပေါ့။ အခု ကျွန်တော်တို့ ပြန်ပြီး ကြည့်လိုက်တော့ နေရာဆိုတာမျိုး ချပေးလာပြီဆိုရင် ညီညွတ်မှု ပြိုကွဲတတ်တယ်။ ဒါ ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ပေါ့။ အဲဒီတော့ အလုပ်လုပ်ကြတာ နေရာအတွက်လား၊ အားလုံးရဲ့ ဘုံရည်မှန်းချက်အောင်မြင်ဖို့လား၊ အဲဒါ အရေးကြီးပါတယ်။ ကျွန်တော်တို့က အကြွင်းမဲ့ ၁၀၀%ညီညွတ်ရေးတော့ ဘယ်ခေတ်မှာမှ ဘယ်တိုင်းပြည်မှာမှ ရမှာမဟုတ်ဘူး။ ကျွန်တော် ဒါကြောင့် အမြဲတမ်းပြောပါတယ်။ အများစု ညီညွတ်ရေး။ အများစုညီညွတ်ရေးဆိုတာက အနည်းအကျဉ်း ပဲ့ထွက်သွားရင် ပဲ့ထွက်သွားမှာပေါ့။ ဒါပေမဲ့ ဂေါ်လီလို အလုံးကနေ နည်းနည်းလောက် ပဲ့ထွက်သွားရင် ပြဿနာမရှိဘူး။ ထက်ခြမ်းမကွဲသွားဖို့ အရေးကြီးတယ်။ အဲဒီပုံစံနဲ့ပဲ သွားလို့ရနိုင်တယ်။

Q. အစ်ကိုပြောသလို နေရာတိုင်းမှာ ရောထွေးနေတယ်။ ဥပမာ မီဒီယာထဲမှာလည်း အများကြီးပဲ ရောထွေးနေတယ်။ ပရိသတ်တွေ အနေနဲ့ ခွဲခြားရခက်မှာပေါ့နော်အစ်ကို။
A. အဲဒါက ဒီလိုလေ။ ရေရှည်စီမံကိန်းတွေရဲ့ သဘောတွေလည်း ပါတယ်။ အရင်ဆုံးလူတွေ ကြိုက်မယ့်အကြောင်းအရာတွေကို ထည့်ပေးလိုက်တဲ့အခါမှာ လူတွေက ဟာ တို့ကိုယ်စားတကယ်ပြောနိုင်တဲ့ မီဒီယာတစ်ခုပဲဆိုပြီးတော့ နှစ်ခြိုက်ကြမယ်။ ပြီးတဲ့အခါမှာ ခိုင်လာပြီ ဆိုတဲ့အခါကျရင် ဘာဆက်လုပ်သလဲဆိုတာ ရှိသေးတယ်။ သူ့မှာ နေရာတစ်နေရာ ရသွားပြီ၊ ပရိသတ်လည်းရလာပြီဆိုတဲ့အခါကျတော့ သူပေးတဲ့အရာတွေဟာ အရင်လို တကယ်ပြည်သူ့အကျိုးကို ခွန်အားဖြစ်စေတဲ့အရာလား၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရာလားဆိုတာကို ဆက်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ အရင်တုန်းက အားပေးခဲ့တဲ့ မီဒီယာမို့လို့ ထာဝရမှန်တယ်ဆိုတာမျိုးတော့ ဘယ်မှာမှ မရှိဘူး။ သူ့ရဲ့စိတ်စေတနာနဲ့ လုပ်ရပ်တွေဟာ ဘယ်သူနဲ့တစ်ထပ်တည်း တူလာလဲ၊ ဘယ်သူ့ခြေရာလက်ရာတွေ ပါလာသလဲဆိုတာ အမြဲတမ်းတော့ ဆန်းစစ်သင့်ပါတယ်။

“ နိုင်ငံရေးဆိုတာက လူမှုရေးအကြီးစား၊ လူမှုရေးဆိုတာက နိုင်ငံရေး အသေးစားဆိုတဲ့ ကိုမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း”
Eternal Light Magazine
May 2014
“လူငယ်နှင့် လူထုအကျိုး”

ACM Credit To:Eternal Light Magazine
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top