0


မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မန်နေဂျာဟောင်း ဒေးဗစ်မွိုင်းစ်ဟာ လန်ကက်ရှိုင်းယား ပြည်နယ်က ၀ိုင်ဘားတစ်ခုမှာ စကားများပြီး ထွေးလုံး ရန်ဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ခံနေရပါတယ်။

ဖြစ်ပုံ အသေးစိတ်ကို မသိရဘဲ ဖမ်းဆီးထိန်းသိမ်းခံရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုပြီး ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေးဗစ်မွိုင်းစ်ဟာ မန်ယူအသင်းကို ၁၀ လကြာ ကိုင်တွယ်ခဲ့အပြီးမှာ အထုတ်ခံခဲ့ရပြီး၊ အဲဒီ မတိုင်ခင်ကတော့ အဲဗာတန်အသင်းကို ၁၀ နှစ်ကျော် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

ACM Credit To:BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top