ဆယ်ကျော်သက်မိန်းကလေးများတွင် ခေါင်းကိုက်ရခြင်း၏အဓိကတရားခံမှာ ပီကေဖြစ်နေ
ACM Re-Post 26-5-2014
လေ့လာမှုများက ပီကေ၀ါးခြင်းမှာ ငယ်ရွယ်သောမိန်းကလေးများတွင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်ပွားစေသောအဓိက အကြောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဦးခေါင်းခွံနှင့် မေးရိုးဆက်ပေးထားသည့် အဆစ်(Temporomandibular joint TMJ )အား အသုံးပြုမှုများခြင်းက ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေကြောင်း Meir Medical Centre’s Child Neurology Unit မှ Dr. Nathan Watemberg က ရှင်းပြခဲ့သည်။ အသက် ၆ နှစ်မှ ၁၉ နှစ်အတွင်း ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ဝေဒနာအား မကြာခဏ ခံစားနေရသည့်မိန်းကလေးများအား လေ့လာကြည့်ခဲ့ရာ ၎င်းတို့သည် တစ်နေ့လျှင် တစ်နာရီမှ ၆နာရီထိ ပီကေ ၀ါးလေ့ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ပီကေ၀ါးမှုအား တစ်လခန့်ရပ်နားခိုင်းကြည့်ရာ အများစုမှာ ခေါင်းကိုက်သည့်ဝေဒနာ လုံးဝပျောက်သွားပြီး တချို့တ၀က်မှာ ခေါင်းကိုက်သည့် အကြိမ်ရေရော ပြင်းထန်မှုပါ လျော့နည်းလာကြောင်း တွေ့ရ သည်။ ထို့နောက် ၎င်းတို့အား နှစ်ပတ်ခန့်ပြန်ဝါးစေရာ ခေါင်းကိုက်ဝေဒနာပြန်လည်ခံစားလာရကြောင်း တွေ့ရှိခဲ့ကြသည်။
အပိန်လေး
ref:Netdoctor.co.uk
Aye Chan Mon Credit To: Health Updates Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment