တစ်ခါတော့ လယ်သမား တစ်ယောက်ဟာ မြင်းရိုင်းတစ်ကောင်ကို ခေါ်ယူပြီး လိမ္မာအောင် လေ့ကျင့်သင်ကြားပေးသတဲ့။ တစ်ညမှာ တော့ ထိုမြင်းဟာ လယ်သမားအိမ်ကနေထွက်ပြေးသွားသတဲ့။ အိမ်နီးနားချင်းတွေက လယ်သမားအဖိုးအိုကို ကံဆိုးလိုက်တာလို့ ပြောဆိုကြသတဲ့။ လယ်သမား အဖိုးအိုကတော့ " ကံကောင်းတယ်၊ကံဆိုးတယ်ဆိုတာ ဘယ်သူက သိမှာလဲ " တဲ့။
သုံးရက်လောက်ကြာတဲ့အခါမှာ လယ်သမားအဖိုးရဲ့ မြင်းဟာ တောအုပ်ထဲကနေ မြင်းရိုင်းတွေကို ခေါ်လာပြိးတော့ လယ်သမားဆီပြန်ရောက်လာသတဲ့။ အဲဒီတော့ အိမ်နှီးချင်းတွေက အဖိုးအိုကို ကံကောင်းလိုက်တာလို့ ပြောကြပြန်တာပေါ့။ အဖိုးအိုကတော့ " ကံကောင်းတယ်၊ကံဆိုးတယ်ဆိုတာ ဘယ်သူကသိမှာလဲ"
သိပ်မကြာပါဘူး အဖိုးအိုရဲ့ သားတစ်ယောက်ဟာ မြင်းရိုင်းတွေကို သင်ကြားပေးရာကနေ မြင်းပေါ်က ပြုတ်ကျပြီး ခြေတစ်ဖက်ကျိုးသွားသတဲ့ ။ အိမ်နီးချင်းတွေကလဲ အဖိုးအိုရဲ့သားကံဆိုးတယ်လို့ပြောကျတာပေါ့။ အဖိုးအိုကတော့ ကံကောင်းတယ် ၊ကံဆိုးတယ်ဆိုတာာ ဘယ်သူက သိမှာလဲ တဲ့။
နောက်တော့ နိုင်ငံမှာ စစ်ဖြစ်တဲ့အခါ သူတို့ တစ်ရွာလုံးက စစ်မှုထမ်းနိုင်တဲ့ လူတွေကို စစ်မှုထမ်းဖို့ ခေါ်တာပေါ့။ အဖိုးအိုရဲ့ သားကတော့ ခြေကျိုးနေလို့ ကျန်ခဲ့တယ်။ အိမ်နီးချင်းတွေက အဖိုးအိုရဲ့ သားကံကောင်းတယ်လို့ ပြောကြတာပေါ့။ အဖိုးအိုကတော့ " ကံကောင်းတယ် ၊ကံဆိုးတယ်ဆိုတာ ဘယ်သူကသိမှလဲ" တဲ့
မောင်စိုင်း
Aye Chan Mon# Credit To :နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment