ဥစားသုံးခြင်းအတွက် အကြံပြုချက်ကို ကျွမ်းကျင်သူများက တင်ပြထား
ယနေ့အခါတွင် ကြက်ငှက်တုပ်ကွေးနှင့်စပ်လျဉ်း၍ အထူးသတိပြုကြရန် လိုအပ်သော အခြေအနေတွင် အဆိုပါဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် ကြက်ငှက်များနှင့် ယင်းတို့၏ ဥများကို လုံးဝဥဿုံ ကျက်အောင်ချက်ပြီးမှ စားသုံးကြဖို့ အစားအစာကျွမ်းကျင်သူများက အကြံပြုထားကြသည်။ မချက်ပြုတ်ရသေးသော ဥများနှင့် ကြက်ဘဲငှက်တို့သည် ဗိုင်းရပ်စ်ပိုးများကို လူသားများသို့ ကူးစက်စေကာ ဒုက္ခရောက်စေရာ၌ အထူးသဖြင့် Salmonella အစားအဆိပ်ဖြစ်ခြင်းနှင့် အလားတူကြက်ငှက်တုပ်ကွေးရောဂါများကို ကူးစက်ခံစားစေတတ်သည်ဟု ယူဆကြသည်။ သို့သော် ထိုးကြက်ငှက်နှင့်ဥများကို လုံးဝကျက်အောင် ချက်ပြုတ်စားပါက ထိုအန္တရာယ်များမှ ရှောင်းရှားနိုင်မည်ဖြစ်ပြီး အနည်းငယ်မျှပင် ဒုက္ခရောက်မည် မဟုတ်ပါ။
အထွေထွေ အဏုဇီဝဗေဒအဖွဲ့မှ ပါမောက္ခ Hugh Permington က ကြက်ငှက်တုပ်ကွေး ဗိုင်ရပ်စ်ပိုးသည် အသက်ရှင်လျက်ရှိသော ကြက်ငှက်များမှ ကူးစက်စေနိုင်ကြောင်း၊ စားသုံးရန်ပြုပြင်ထားသည့် အသားများ၊ အထူးသဖြင့် ဥများတွင် ဤဗိုင်းရပ်စ်များ မရှိကြောင်း ပြောကြားသည်။ H5N1 ဗိုင်းရပ်စ်ပိုးသည် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဖြစ်ကာ ၂၀၀၃ ခုနှစ်မှစတင်၍ အာရှတိုက်တွင် အနည်းဆုံး လူ(၆၀)ဦးခန့် သေဆုံးစေခဲ့သည်။
လူသားများသည် ကြက်ငှက်တုပ်ကွေးရောဂါကို ရောဂါပိုးရှိနေသော ကြက်ငှက်များနှင့် နီးကပ်စွာနေပြီး ကူးစက်ခံခဲ့ကြရသည်။ ကြက်ငှက်များသည် ဤဗိုင်းရပ်စ်ပိုးပါသော ကျင်ကြီးများကို စွန့်ခဲ့ရာမှ အဆိုပါကျင်ကြီးများသည် ခြောက်သွေး၍ အမှုန့်ဖြစ်ကာ လေထဲတွင် ပျံ့နှံ့ပြီး လူများအသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ကြသည်။ သို့အတွက် မွေးမြူရေး ခြံများပတွင် လုပ်သော လုပ်သားများနှင့် လူအများစားသုံးရန် အသားပြုပြင်ထုတ်လုပ်သော လုပ်သားများတွင် ဤဗိုင်းရပ်စ်ပိုးကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်ပါသည်။ မည်သို့ဆိုစေ ကမ္ဘာ့ကျန်မားရေးအဖွဲ့က လူအများ စားသုံးမည့် မည်သည့်အသားများကိုမဆို လုံးဝစိတ်ချရစေရန် အနည်းဆုံး ၇၀ စင်တီဂရိတ်ဖြင့် အပူချိန်ပေးကာ ချက်ပြုတ်ကြရန် တိုက်တွန်းထားသည်။
ဥများကိုလည်း လုံးဝဥဿုံကျက်အောင် စီမံချက်ပြုတ်ရန်လည်း လိုအပ်ပါသည်။
Aye Chan Mon# Credit To :နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment