Home
»
နိုင်ငံရေး
» ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ ပြောင်းလဲ
ACM Re-Post 29-5-2014Author: မိုးညိုပြည်တွင်းရင်းနှီးမြှုပ်နှံ မှုများပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး တိုက်ရိုက် ကိုင်တွယ်ခွင့်ပြုပေး နေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လက်ရှိဖွဲ့စည်း ပုံကို ပြောင်းလဲ၍ နိုင်ငံတော် သမ္မတရုံးက အသစ်ပြန်လည်ဖွဲ့ စည်းလိုက်ပြီဖြစ်သည်။အသစ်ပြန်လည်ဖွဲ့စည်းပေး ရာတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်နေရာအချို့၌ လက်ရှိတာ ဝန်ထမ်းဆောင်နေသော ပြည် ထောင်စုဝန်ကြီး ၃ ဦး အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအသစ်ကို မေ ၂၈ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ကြော်ငြာခဲ့ပြီး ယခင်ဥက္ကဌနေရာဖြစ်သည့်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နေရာတွင် စွမ်းအင်ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်အား ပြောင်းလဲခန့်အပ်ခဲ့သည်။
ယခင် ဖွဲ့စည်းပုံအဟောင်းအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌနေရာသစ်ကို ထည့်သွင်းဖွဲ့စည်းထားပြီး ယခင်က အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်အား ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
အဖွဲ့ဝင်အသစ်အဖြစ် လက်ရှိဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းနှင့် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းအား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကိုလည်း အတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့သည်။ ကျန်ရှိသည့် အဖွဲ့ဝင်များမှာ ဖွဲ့စည်းပုံအသစ်တွင် ပြောင်းလဲခြင်းမရှိပေ။
ယခင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခုဖွဲ့စည်းပုံတွင် ၁၃ ဦးတိတိဖြင့် တိုးချဲ့ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနလက်အောက်တွင်သာရှိပြီး သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ချထားပေးသော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၀ နီးပါးရှိသွားပြီဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀ ထိ ရှိသွားပြီဖြစ်သည်။
Aye Chan Mon Credit To:7daydaily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment