0

ACM Re-Post 26-5-2014

မိတ္ထီလာမြို့၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ အလည်ရွာရဲစခန်းအပိုင် မုန်တိုင်ရွာတွင် မေ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအပြီးတွင် ကျေးရွာရှိ အမျိုးသမီးများ ပစ္စည်းများ သိမ်းဆည်းနေစဉ် မုန်တိုင်ကျေးရွာနေ ဒေါ်ဆွေဆွေလင်း (၄၀)နှစ်အား တရွာထဲနေ မင်းမင်းထွန်း (၃၆)နှစ် ရောက်ရှိလာပြီး ရုတ်တရက် ဒေါ်ဆွေဆွေလင်း၏ ပါးကို နမ်းခဲ့သည် ဆို၏။

မင်းမင်းထွန်းသည် ယခုလ ၁၁ ရက်နေ့ကလည်း ဒေါ်ဆွေဆွေလင်းအား ကာယိနြေ္ဒပျက်စီးအောင် ရည်းစားစကား ပြောခဲ့သည် ဟုဆိုသည်။

မေလ ၂၄ ရက်နေ့တွင် ဒေါ်ဆွေဆွေလင်းက အလည်ရွာရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ မင်းမင်းထွန်းအား ရဲစခန်း(ပ)၆/၂၀၁၄၊ ပုဒ်မ-၃၅၄ ဖြင့် အမှုဖွင့်အရေးယူထားသည်။

တင်လှိုင်(မိတ္ထီလာ)

Aye Chan Mon Credit To:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top