0
အချိန်တွေအကြာကြီးအထိ စကားတွေအများကြီး
ပြောနေရင်းနဲ့ပဲ အချိန်တွေသာကုန်သွားတယ်
စကားတွေပြောလို့မကုန်နိုင်တဲ့အခါတွေရှိသလို

ဘာမှမဟုတ်တဲ့စကားတစ်ခွန်းအပေါ် စရင်း နောက်ရင်းနဲ့
စိတ်ဆိုး စိတ်ကောက်သွားကြပီးစကားမပြောပဲ
နေတတ်ကြပေမဲ့ အပြန်အလှန်စိတ်ပူနေမိတဲ့အခါ
တွေလဲရှိတယ်

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တယ်ဆိုတဲ့
စကားတွေအခါခါပြောနေကြရင်းနဲ့ အရမ်းလွမ်းနေမိတဲ့
ခံစားချက်တွေကြောင့် ဝမ်းနည်းနေမိတဲ့အချိန်တွေ
ရှိသလို

တစ်ယောက်အပေါ် တစ်ယောက် သဝန်တိုမိတဲ့
စိတ်တွေကြောင့် စကာလုံးကြမ်းကြမ်းတွေ
သုံးလိုက်မိတဲ့အခါတွေရှိနေတတ်ပေမဲ့ တစ်ယောက်ရဲ့
အနားကတစ်ယောက်ဘယ်တော့မှလမ်းခွဲမသွားခဲ့ပါဘူး

နင်နဲ့ ငါရဲ့ ချစ်ခြင်းတွေ အချိန်တိုင်းပျော်ရွှင်မှုတွေပဲ
ခံစားနေရတာမဟုတ်ပေမဲ့ တစ်ခါတရံဖြစ်တတ်တဲ့
ပြသနာလေးတွေကြောင့်လဲ သံယောဇဉ်တွေ ပိုခိုင်မြဲ
လာခဲ့တာကြောင့် ငါ အရမ်းပျော်ပါတယ် ချစ်သူရယ်

Khin Myo Aye

Poem

Post a Comment

 
Top