0

By mmweather.ygn, on May 21st, 2014

လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် data များအရ ပုသိမ်မြို့အနောက်ဘက် ၂၂၅ မိုင်ခန့်၊ ကိုကိုးကျွန်ေးလဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၉ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၆၅ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၂၉ဝ ခန့်သို့ ရောက်ရှိလာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၃ဝ နီးပါးခန့်ရှိလာပြီ ဖြစ်ပါသည်။ ထိုင်းမိုးလေဝသဌာနမှ မြေပြင်မိုးလေဝသ မြေပုံနှင့် NRL data(07:00UTC)တွင် ဖိအား 1002 hPa အထိ ကျဆင်းလျှက်ရှိနေကြောင်း၊ ဗဟိုလေတိုက်နှုန်း 30 knots(တစ်နာရီ ၃၅ မိုင်နှုန်းခန့်)ရှိကြောင်း ဖေါ်ပြထားပါသည်။ (ပုံ-၁)

လေဖိအားနည်းဆဲလ် INVEST-92B
21 May 2014 0600Z
Location: 16.1 91.4
Winds: 25 knots
Central Pressure: 1004 hPa

JTWC မှ ယနေ့နေ့လည် ၂ နာရီတွင် သတိပေးထုတ်ပြန်ချက်အရ လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း ပုံ-၂ တွင် အရောင်ဖြင့် ပြထားသည့် ဧရိယာအတွင်း မုန်တိုင်းဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ အဆင့် HIGH ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

FORMATION OF A SIGNIFICANT TROPICAL CYCLONE IS POSSIBLE WITHIN 110 NM EITHER SIDE OF A LINE FROM 15.5N 91.2E TO 18.5N 92.6E WITHIN THE NEXT 12 TO 24 HOURS.
DUE TO INCREASED CONSOLIDATION OF THE LOW-LEVEL SIGNATURE AND IMPROVING ENVIRONMENTAL CONDITIONS, THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS HIGH.

ACM Credit To: MMweather Page
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
4

Post a Comment

 
Top