0

ရန်ကုန်- ပဲခူးတိုင်းဒေသကြီး၊ နတ္တ လင်းမြို့နယ်၊ တောင်ညိုမြို့သစ် တွင် ဘာသာမတူသည့် လူငယ် ချင်း ချိန်းတွေ့သည့်အပေါ် ဒေသခံ များက မကျေနပ်သောကြောင့် ဆူပူမှုဖြစ်ပွားခဲ့ပြီး နေအိမ်လေး လုံးဖျက်ဆီးခဲ့ရာတွင် ပါဝင်သူ များကို ဖမ်းဆီးအရေးယူသွား မည်ဖြစ်ကြောင်း တောင်ညိုမြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နေအိမ်လေးလုံးဖျက်ဆီးခံ ရပါတယ်။ ဖျက်ဆီးရာမှာ ပါတဲ့ သူတွေကို ဖမ်းဆီးထားတာမရှိ သေးပါဘူး။ သူတို့ကို ဖမ်းဆီးအ ရေးယူသွားဖို့ ပြုလုပ်နေပါတယ်’’ ဟု
တောင်ညိုမြို့ရဲတပ်ဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

ဧပြီ ၁၅ရက်(သင်္ကြန်အ ကြတ်နေ့)ည၁၁နာရီအချိန်တွင် တောင်ညိုမြို့နေ အသက်(၂၂)နှစ် အရွယ် အမျိုးသမီးတစ်ဦးက နတ္တလင်းမြို့နေ ၎င်း၏ရည်းစားဖြစ် သော ဘာသာခြားလူငယ်တစ်ဦး အားတွေ့ဆုံရန်အတွက် ဖုန်းဖြင့် ချိန်းဆိုမှု ပြုလုပ်ခဲ့သည်။ နတ္တ လင်းမြို့မှ ဘာသာခြား လူငယ် တစ်ဦးက လာရောက်တွေ့ဆုံရာ တွင် ဒေသခံများကကျေနပ်မှုမရှိ သောကြောင့် အဆိုပါ ဘာသာခြား လူငယ်ကို အပြင်သို့ ထုတ်ပေးရန် တောင်းဆိုမှုများပြု လုပ်ခဲ့သည်။ အပြင်သို့ ထုတ်မ ပေးသောကြောင့် ဖုန်းဖြင့်ခေါ်ဆို မှုပြုလုပ်သော အမျိုးသမီး၏ နေအိမ်ကို မြို့ခံများက ဖျက် ဆီးမှုများပြုလုပ်ခဲ့သည်။ နေအိမ် ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် မြို့ဒေသခံ သုံးရာခန့်က အပြင်သူ စိမ်းလူများမ၀င်ရန်အတွက် ဖျက် ဆီးမည့်အိမ်အား ကြိုးတားပြီး ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း တောင်ညိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီ ၁၆ ရက်ညတွင် လူ သုံးရာခန့်သည် နတ္တလင်းမြို့မှ ဘာသာခြား လူငယ်နှင့် ရင်း နှီးသော တောင်ညိုမြို့သစ်အပိုင်း အောင်ဇေယျကျေးရွာမှ နေအိမ် နှစ်လုံးနှင့် ကံစုကျေးရွာမှ နေအိမ် တစ်လုံးတို့ကိုလည်း ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည်။ ထိုသို့ဖျက် ဆီးမှုများပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ မှ အင်အားငါးဆယ်ဝန်းကျင်ဖြင့် လာရောက်ခဲ့သော်လည်း တစ်စုံ တရာတားဆီးမှုများပြုလုပ်ခြင်းမ ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ တောင်ညိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဧပြီ ၁၇ ရက်တွင် ပဲခူး တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဗိုလ်မှူးကြီးသက်ထွန်း ရောက်ရှိလာပြီး အခြေအနေကိုထိန်းသိမ်းရန် မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Aye Chan Mon# Credit To : 7Day News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top