ရန်ကုန်− ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ အန္တရာယ်ရှိလာသဖြင့် ကျောက်ကပ်ဆေးရန် ဆုံးဖြတ် ကုသရာတွင် အောင်မြင်မှု ရရှိခဲ့သည်။
ကျောက်ကပ်ပုံမှန်အလုပ်မ လုပ်နိုင်သည့်အတွက် ဆီးဆိပ် တက်ခြင်း၊ ဦးနှောက်ပုံမှန်အလုပ် မလုပ်နိုင်ခြင်းများ တဖြည်းဖြည်း ဖြစ်လာနိုင်ခြင်းကြောင့် ဧပြီ ၁၈ ရက် ည ၇ နာရီတွင် ကျောက်ကပ် ဆေးရန် တာဝန်ယူကုသနေသော သမားတော်များက ကာယကံရှင်၏ဆန္ဒပါ ရယူဆုံးဖြတ်ကုသခဲ့ကြသည်။
ကျောက်ကပ်ဆေး ပြီးသည့်တိုင် အသက်ရှင်ရန် ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းခန့်သာရှိကြောင်း ဒေါက်တာမြင့်သိန်းကပြောကြားသည်။
‘‘ဒီတိုင်းပဲ မဆေးဘဲထား မယ်ဆိုရင် မနက်ဖြန်ဆိုရင် ပိုမောလာမယ်။ မနက်က စကား ပြောနိုင်တယ်။ မနက်ဖြန်ဆိုရင် တော်တော်လေး မပြောနိုင်တော့ ဘူး။ နေ့လယ်ဆိုရင် ရေတွေပို များလာရင် အဆုတ်ထဲကို ၀င် မယ်။ နောက်နှလုံးမညှစ်နိုင်တော့ ဘူး။ အရမ်းမောလာမယ်။ နောက်ထပ် နှစ်ရက်၊ သုံးရက်ပဲ။ ဒီထက် တော့ ပိုမခံနိုင်တော့ဘူး’’ ဟုမိသား စု ဆရာဝန်ဒေါက်တာမြင့်သိန်းက ဦးဝင်းတင်၏ နောက်ဆုံးကျန်းမာ ရေးအခြေအနေကို ဧပြီ ၁၈ ရက် ညနေ ၆နာရီတွင် ရှင်းပြသည်။
စိုးရိမ်ပူပန်မှုများရှိခဲ့သော်လ
နောက်ဆုံးကြိုးစားသည့်အ နေဖြင့် ကျောက်ကပ်ဆေးရန် ကြိုးစားခြင်းဖြစ်သော်လည်း ကိုယ် တွင်းအင်္ဂါများ၏ အခြေအနေမှာ ပုံမှန်အလုပ်မလုပ်နိုင်တော့၍ ပြန် ကောင်းရန် မျှော်လင့်ချက်မရှိနိုင် ကြောင်းလည်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့် တွင် ဦးဝင်းတင်ထံ ဒုတိယအကြိမ်လာရောက်ကြည့်ရှုခဲ့သေ
ဒေါ်အောင်ဆန်းစုကြည်လာရောက်သည့်အ
ကျောက်ကပ်ဆေးနေစဉ်ပင် အသက်ဆုံးရှုံးရန် ရာခိုင်နှုန်း များပြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း တတ်နိုင်သရွေ့ကုသရန် သဘောတူခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီး၏ အထူးကြပ်မတ် ကုသဆောင်တွင် ကျောက်ကပ်ဆေးစက်မရှိသော် လည်း ကျောက်ကပ်ဆောင်မှ စက်များကို ရွှေ့၍ ကုသပေးရန် ဆေးရုံအုပ်ကြီးမှ စီစဉ်ပေးခဲ့သည်။ လက်ရှိအခြေအနေအရနိုင်ငံခြားသို့
မတ်လနှောင်းပိုင်းမှစ၍ ဆေးရုံတွင် ကုသမှုခံယူနေရသော နာယကဦးဝင်းတင်၏ ယနေ့အခြေအနေသည် စိုးရိမ်ရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ စာရေးဆရာ ဦးမိုးသူ၊ ဦးမင်းကို နိုင်၊ ဒေါ်ဖြူဖြူသင်းစသည့် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလာရောက်စောင့်ကြည့်
ဓာတ်ပုံ- ဒီချုပ်
Aye Chan Mon# Credit To : 7Day News Journal > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment