0
တင်းမာမှုများ ပေါ်ပေါက်နေတဲ့ ယူကရိန်းအရေး ဂျနီဗာတွင် တွေ့ဆုံဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် ရရှိခဲ့ကြောင်း သိရပါတယ်။ သို့သော် ယခု သဘောတူညီချက်က နိုင်ငံအရှေ့ပိုင်းမှာ ပြုလုပ်နေတဲ့ အကြမ်းသမားတွေကို ဖြိုခွင်းနေတဲ့ စစ်ဆင်ရေးအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်းနဲ့ အဆိုပါဒေသမှာ စစ်တပ်က ဆက်လက် နေရာယူထားမှာဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

ဓာတ်ပုံ - နိုင်ငံအရှေ့ပိုင်းဒေသတွင် ရုရှားကို ထောက်ခံသည့် အစိုးရဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြသူများကို စစ်ဆင်ရေးဖြင့် ဖြိုခွင်းနေသည့် ယူကရိန်းစစ်သားများ။

Aye Chan Mon# Credit To : Planet Myanmar Network > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top