0

Published on: April 18, 2014

တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ လိုအပ်ချက်များနှင့် လွဲချော်မှုများအား ထောက်ပြနိုင်ရန် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကွင်းဆင်လေ့လာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ ဦးရှုမောင်က" သန်းခေါင်စာရင်း ကောက်ခံတဲ့နေရာမှာ ကျန်ခဲ့တာမျိုး ရှိသလား၊ လွဲချော်သွားတယ် ဆိုရင်လည်း ဘယ်လိုအတိုင်းအတာအထိ လွဲချော်သွားနိုင်သလဲ။ ဘယ်လောက် အတိုင်းအတာအထိ လွဲမှားထားသလဲဆိုတဲ့ အနေအထားကို ကျွန်တော်တို့ သေချာလေး ဖြစ်သွားစေဖို့လေ့လာတဲ့ အစီအစဉ်တစ်ခုကို ကျွန်တော်တို့လုပ်နေတယ်။ အဲဒါကတော့ ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေမှာ သွားရောက်လေ့လာမယ်။ နောက် သေချာတဲ့ အတိုင်းအတာ တစ်ခုအထိရောက်ရင် ကျွန်တော်တို့ ဒီသန်းခေါင်စာရင်း ကော်မရှင်နဲ့ သွားရောက် ဆွေးနွေးဖြစ်ရင် ဆွေးနွေးမယ်။ မဆွေးနွေးဖြစ်ရင်တော့ ကျွန်တော်တို့ ကြေညာချက် တစ်ခုအဖြစ် ထုတ်ပြန်ဖြစ်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

ကွင်းဆင်းလေ့လာမှုအား ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ် အပါအ၀င် တိုင်းရင်းသား အများဆုံး နေထိုင်ရာ ဒေသများတွင် ပြုလုပ်သွားမည်ဖြစ်ကာ ထိုသို့လေ့လာရာ၌ ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်၌ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသား ၁၀ မျိုး ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ နာဂဘက်မှာဆိုရင်တော့ သန်းခေါင်စာရင်း ကောက်ခံတာက အဆင်ပြေပါတယ်။ ဆိုတော့ အချို့နေရာတွေမှာ လွဲနေတာလေးတွေလည်း ရှိတယ်လို့ ကျွန်တော်တို့ရွာတွေ အိမ်တွေဘက်ကနေ ပြန်ပြောလာတာတွေ ရှိတဲ့နေရာမှာ ကျွန်တော်တို့အခုတော့ ပြန်ပြီးလေ့လာနေတဲ့ ကာလပေါ့။ ဘယ်နေရာမှာ လွဲနေတာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ရှိကောင်းရှိမယ်လို့တော့ အကြမ်းဖျင်းတော့ ထင်ပါတယ်။ ကျွန်တော်တို့ ဒါက မြေပြင်ကိုဆင်းပြီး ပြန်လည်မေးမြန်းရမှာ တွေရှိတဲ့အတွက် သန်းခေါင်စာရင်း ကော်မရှင်က ဒီစာရင်းဇယားတွေ ထုတ်ပြန်မယ့်အချိန်နဲ့ အနီးတစ်ဝိုက်လောက်မှာပဲ ကျွန်တော်တို့ ဒီအချက်လေးတွေကို ပြောပြသွားဖို့ ရှိပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

သန်းခေါင်စာရင်း ကော်မရှင်အနေဖြင့် တိုင်းရင်းသားလူမျိုး ကုတ်နံပါတ်များ ပြင်ဆင်ရေး၊ လူမျိုးများပြင်ဆင်၊ ဖြည့်စွက်ခြင်း များအတွက် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧပြီ ၁၁ ရက်က လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားပြီး တိုင်းရင်းသားများ အနေဖြင့်လည်း စာရင်းများ မှန်ကန်စေရန်အတွက် အချိန်ယူ ပြုလုပ်စေလိုကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသများ၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစုအမည်များ မှန်ကန်စွာဖြည့်စွက် နိုင်ရေးအတွက် စာရင်းကောက်ဆရာမများ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်ထိ ကောက်ယူခဲ့ရာတွင် ရလဒ်များအား ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top