0

လီဗာပူးနဲ့ပွဲမှာ စရခဲ့တဲ့ ဒဏ်ရာဟာ မန်ယူပရိသတ်တွေကို ၁၀ကြိမ်၊ ၁၀လီ နှိပ်စက်ခဲ့ပြီးပြီ။ “အိုးလ်ထရက်ဖို့ဒ်မှာ ကျွန်တော်တို့အသင်းကို ပြိုင်ဘက်တွေ မကြောက်တော့ဘူး”လို့ ရွန်နီ ဖွင့်ဟခဲ့တာ အမှန်ပဲ။ မန်ယူ အိမ်ကွင်း (၆)ပွဲ ရှုံးခဲ့ပြီးပြီ။ ဒီတော့ ပရိသတ်တွေ မိုရက်စ်အပေါ် သည်းခံစိတ်ကုန်တာ မထူးဆန်းဘူး။ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးကတည်းက လိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းစလုံးကို နှစ်ကျော့စလုံး မရှုံးခဲ့ဖူးတဲ့ မှတ်တမ်းဟာ မိုရက်စ် လက်ထက်မှာ ပျက်တယ်။

ဒီထက်ပိုဆိုးရွားတာက မန်ချက်စတာဒါဘီမှာ ၄၃စက္ကန့်နဲ့ အဖွင့်ဂိုးပေးခဲ့ရတာပဲ။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့သမျှ ပရီးမီးယားလိဂ်ပွဲတွေမှာ ပွဲအစ တစ်မိနစ်အတွင်း မန်ယူ အဖွင့်ဂိုးမပေးဖူးတဲ့ စံချိန်ကို မိုရက်စ်က ချိုးဖြတ်တယ်။ ဒီတော့ လီဗာပူးကို အိမ်ကွင်းမှာ (၃)ဂိုးပြတ် ရှုံးခဲ့တုန်းက သီချင်းဆိုမပြတ် အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း ဒီပွဲမှာ သည်းမခံနိုင်ကြတော့ဘူး။ ပရိသတ်တစ်ယောက်ဆိုရင် မိုရက်စ်ကို ရန်ပြုဖို့အထိ ကြိုးစားခဲ့တယ်။ ရှုံးပွဲကြုံတိုင်း “ကျွန်တော့်ကို အပြစ်တင်ပါ”လို့ ပြောတတ်တဲ့ မိုရက်စ်ကို အပြစ်တင်ရတာနဲ့ မန်ယူ ပရိသတ်တွေ မကျေနပ်နိုင်ကြတော့ဘူး။ ဒီတစ်ခါ ဖာဂူဆန်ဘက် လှည့်လာကြတယ်။

မိုရက်စ်နှင့် စံချိန်အကျိုးအပဲ့များ

ဘာကြောင့်များ.....မိုရက်စ်ကို သူ့နေရာ ဆက်ခံခွင့်အတွက် ထောက်ခံပေးခဲ့တာလဲလို့ပေါ့။ စထရက်ဖို့ဒ်အန့် ပွဲကြည့်စင်ဘက်ခြမ်းမှာ ရေးထိုးထားတဲ့ The Chosen One ဆိုတဲ့ စာတမ်းကို ဖြုတ်ချဖို့ ပရိသတ်တွေ ကြိုးစားခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲအပြီး လုံခြုံရေး (၇)ဦးလောက် စောင့်ကြပ်ခဲ့ရသေးတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရမှတ်အနည်းဆုံး မန်ယူအသင်းဖြစ်ရန် သေချာနေ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး အိမ်ကွင်းရလဒ်ပိုင်ဆိုင်ခဲ့။

၂၀၀၁ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် (၃)ပွဲဆက် ရှုံးနိမ့်ခဲ့။

(ဖာဂူဆန်ရဲ့ ၂၆နှစ်တာ ကာလမှာ တစ်ကြိမ်ပဲ ဖြစ်ခဲ့ဖူး)အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်ကနေ ထွက်ခဲ့ရ။ ဆွမ်ဆီးကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ရှုံးခဲ့ရ။

၁၉၇၂ခုနှစ်နောက်ပိုင်း နယူးကာဆယ်ကို၊ ၁၉၇၈ခုနှစ်နောက်ပိုင်း ၀က်စ်ဘရွန်းကို ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ရှုံးခဲ့ရ။ ၁၉၈၄နောက်ပိုင်း ပထမဆုံးအကြိမ် စတုတ်စီးတီးကို ရှုံးနိမ့်။

ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီးကတည်းက လိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းစလုံးကို တစ်ရာသီအတွင်း နှစ်ကျော့စလုံး မရှုံးခဲ့ဖူးတဲ့ စံချိန်ရပ်တန့်။

အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့သမျှ ပရီးမီးယားလိဂ်ပွဲတွေမှာ ပထမဆုံးအကြိမ် ပွဲအစ တစ်မိနစ်အတွင်း အဖွင့်ဂိုးပေးခဲ့ရ။

@z (ရိုးရာလေး)

Aye Chan Mon# Credit To : YoYarLay > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top