ကံ့ကော် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
မြန်မာလူငယ်များအနေဖြင့် အစိုးရနှင့်ပြောဆိုဆက်ဆံရာတွင် ရဲ ရဲတင်းတင်းပြောဆိုကြရန် ပြည်ထောင် စုဝန်ကြီးဦးအောင်မင်းက တိုက်တွန်း ပြောဆိုလိုက်သည်။
မတ် ၂၂ရက်က MPC ၌ အာ ဆီယံလူငယ်များနှင့် တွေ့ဆုံစဉ် ဝန် ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
အစိုးရနှင့် လူငယ်များအကြား သတင်းအချက်အလက် ပြတ်တောက် မှုမဖြစ်စေရန်နှင့် ဆက်သွယ်မှုရစေ ရန် Youth Center တစ်ခုတည်ထောင် သွားမည်ဟု ဝန်ကြီးက ဆိုသည်။
''အစိုးရနဲ့ လူငယ်တွေကြားမှာ အဆက်အသွယ်ရဖို့ ချိတ်တစ်ခုလိုအပ် တယ်။ ဒါကြောင့် Myanmar Youth Center တည်ထောင်ဖို့ သမ္မတက ခွင့် ပြုထားတယ်။ အဲဒီမှာ ဝန်ကြီးတွေက စနေနဲ့တနင်္ဂနွေရုံးထိုင်ပေးမယ်။ လူ ငယ်တွေ တင်ပြချင်တာတွေ၊ လိုလား ချက်တွေ၊ ဆန္ဒတွေကို အဲဒီမှာပြောဆို ခွင့်ရမယ်။ လူငယ်တွေအနေနဲ့လဲ အ စိုးရကို ရဲရဲတင်းတင်း ပြောဆိုဆက် ဆံကြပါ''ဟု ဦးအောင်မင်းကဆိုသည်။
လူငယ်ကဏ္ဍနှင့် ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်မှု နည်းပါးနေသောကြောင့် အစိုးရဘက် မှလည်း ရဲရဲတင်းတင်း လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကိုရဲရင့်ကျော်က ''လက်တွေ့မှာလူ ငယ်ကဏ္ဍကို ဖန်တီးပေးမှုအားနည်း နေတယ်။ ရဲရဲတင်းတင်းပြောပါ။ ရဲ ရဲတင်းတင်း နားထောင်ပါဆိုပေမယ့် သူတို့က ရဲရဲတင်းတင်းလုပ်ဆောင် ပေးဖို့ကိုတော့ မယုံကြည်ရသေးဘူး။ ကျောင်းသားလူငယ်တွေရဲ့ ဘဝကို ဖြစ်ဖြစ်မြောက်မြောက် အာမခံနိုင် လောက်တဲ့ ပညာရေးမဖန်တီးပေးခဲ့ ဘူး။ စမ်းသပ်ခံပညာရေးနဲ့ အလုပ် အကိုင်မဲ့တွေဘဝကို ရောက်ခဲ့ရတယ်။ ရထားတဲ့ဘွဲ့နဲ့ ဘယ်နိုင်ငံကုမ္ပဏီက မှ အလုပ်မခန့်ချင်ကြဘူး။ လူငယ် ဘဝ မြှင့်တင်ချင်ရင် ပညာရေးမြှင့် တင်ပေးရမယ်''ဟုထောက်ပြသည်။
မြန်မာနိုင်ငံတွင် ယခုအချိန်အ ထိ Youth Policy မရှိသေးသော်လည်း အစိုးရအပါအဝင် အစိုးရဝန်ကြီးများ က လူငယ်များနှင့်ပတ်သက်၍ စဉ်း စားလုပ်ကိုင်နေပြီဖြစ်သောကြောင်
အစိုးရနှင့် လူငယ်များအကြား အပြန်အလှန် အဆက်အသွယ်ရှိစေ ရန်အတွက် Youth Center ကို အင်း စိန်မြို့ရှိ တိရစ္ဆာန်ကုဆေးတက္ကသိုလ် ဝင်းအတွင်း ဖွင့်လှစ်ရန် စီစဉ်ထား ကြောင်း သိရသည်။
Aye Chan Mon# Credit To : Yangon Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/
Post a Comment