0

ကံ့ကော် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
Photo Credit - ဓာတ်ပုံ-ရခိုင်တပ်မတော် Facebook

ရခိုင်မျိုးနွယ်စုအားလုံးကို ရက္ခိုင်တပ်မတော်တိုက်တွန်း
မကြာမီကောက်ခံတော့မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် ဘင်္ဂါလီလူမျိုးများကိုပါ ထည့်သွင်း ကောက်ခံပါက ရခိုင်မျိုးနွယ်စုအားလုံး က သန်းခေါင်စာရင်းမကောက်ခံဘဲ သ ပိတ်မှောက်ကြရန် ရက္ခိုင်တပ်မတော် က သဘောထားထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်လုံးဆိုင်ရာကျူးကျော် ဘင်္ဂါလီသန်းခေါင်စာရင်းနာမည်လိမ် တိုက်ဖျက်ရေးကော်မတီ (စစ်တွေ)က ထုတ်ပြန်လိုက်သည့်ကြေညာချက် တွင် ''သန်းခေါင်စာရင်းကောက်ခံရာ တွင် ဘင်္ဂါလီလူမျိုးများအတွက် ရိုဟင် ဂျာဟု စာရင်းသွင်းခွင့်ပြုထားခြင်းကို ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ဗဟို သန်းခေါင်စာရင်းကော်မရှင်ကဖြစ် စေ ရုပ်သိမ်းကြောင်း မကြေညာလျှင် ရခိုင်မျိုးနွယ်စုအားလုံးက သန်းခေါင် စာရင်းမကောက်ခံဘဲ သပိတ်မှောက် ကြရန်''ဟုတိုက်တွန်းထားရာ အဆိုပါ သဘောထားကို ရက္ခိုင်တပ်မတော် ကလည်းထောက်ခံသည်ဟု ဆိုသည်။

ထို့ပြင် ရက္ခိုင်တပ်မတော်အနေ ဖြင့် ရဟန်းရှင်လူ၊ ရခိုင်မိဘပြည်သူ များနှင့် တစ်သွေးတည်းတစ်သားတည်း ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါ တီအနေဖြင့်လည်း ရိုဟင်ဂျာဆိုသည့် လူမျိုးနာမည်တစ်ခုအား အတင်းအ ဓမ္မထည့်သွင်းရန်ကြိုးပမ်းနေခြင်းသည် ဒေသခံရခိုင်လူမျိုးများနှင့် မြန်မာတိုင်း ရင်းသားလူမျိုးအားလုံးကို တမင်သက် သက်စော်ကားနေခြင်းဖြစ်သည့်အ တွက် ပြင်းထန်စွာရှုတ်ချကြောင်း မတ် ၂၂ရက်က ကြေညာသည်။

သန်းခေါင်စာရင်းကောက်ခံရာ တွင်ဘင်္ဂါလီလူမျိုးများအတွက် ရိုဟင် ဂျာဟူသော လူမျိုးလိမ်နာမည်အား စာရင်းသွင်းခွင့်မပြုရန် လူထုဆန္ဒဖော် ထုတ်မှုများကို ရခိုင်ပြည်နယ်၏မြို့ များဖြစ်ကြသော စစ်တွေ၊ ကျောက် ဖြူ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မောင် တော၊ မြေပုံ၊ ရသေ့တောင်၊ မင်းပြား အစရှိသောမြို့များတွင် တစ်ခဲနက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

Aye Chan Mon# Credit To : Yangon Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
မိတ်ဆွေ ပိုမို စုံလင်သောသတင်းကို အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှု
နိုင်ပါသည်--https://www.facebook.com/excellencemedia

Post a Comment

 
Top