0


Saturday, December 07, 2013

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည် အိုကီနာဝါကျွန်း အပြင်ဘက် နေရာသစ်ဖြစ်သော Gunma နှင့် Niigata စီရင်စုတို့တွင် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း ကျင်းပပြုလုပ်မည့် စစ်ရေး လေ့ကျင့် ခန်း၌ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များနှင့် ဂျပန်မြေပြင် ကာကွယ်ရေး တပ်ဖွဲ့ (ကြည်းတပ်) များနှင့် အတူ V-22 Osprey သယ်ယူပို့ဆောင်ရေး လေယာဉ်များအား ထည့်သွင်း လေ့ကျင့်သွားရန် စီစဉ်လျက် ရှိကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

၎င်း Ospreys သယ်ယူပို့ဆောင်ရေး လေယာဉ်များအား အိုကီနာဝါ စီရင်စုရှိ ဖူတန်မာ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် တပ်ဖြန့် ချထားကြောင်း သိရသည်။

အဆိုပါ လေယာဉ်များသည် စက်တင်ဘာလ အတွင်း ဂျပန်နိုင်ငံ အနောက်ပိုင်း Shiga စီရင်စုတွင် ကျင်းပ ခဲ့သော ဂျပန် ကာကွယ်ရေးတပ်ဖွဲ့ (ကြည်းတပ်) များနှင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် ပထမဆုံးအကြိမ် ပါဝင် လေ့ကျင့်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >မြ၀တီ< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top