0

Created on Tuesday, 03 December 2013 02:05 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် တင်ဒါအောင်မြင်ထားသည့် Ooredoo ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက် ထူထောင်နိုင်ရန်အတွက် တာဝါတိုင်များ တည်ဆောက်ရန် Digicel Asia Holdings ကုမ္ပဏီနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်ဟု PR newswire သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Digicel Asia Holdings ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဆုံး တယ်လီဖုန်း ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်မည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

၎င်း၏ အခကြေးငွေဖြင့် ငှားရမ်း အသုံးပြုနိုင်မည့် တာဝါတိုင်များကြောင့် အခြားတယ်လီဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများ အနေဖြင့်လည်း တစ်နိုင်ငံလုံးအနှံ့ လျင်မြန်စွာ ကွန်ရက်ဖြန့်ကြက်နိုင်ရေး ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကြေညာချက် ထုတ်ပြန်ရာတွင် Digicel အဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာ ဒန်းနစ်အိုဘရိုင်ယန်က ပြောဆိုရာ၌ "ကျွန်တော်တို့အနေနဲ့ Ooredoo အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက် ထူထောင်နိုင်မှာ ဖြစ်တဲ့အတွက် အထူးပဲ ၀မ်းမြောက်အားရမိပါတယ်။ ဒီလို ထူထောင်နိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ နေထိုင်နေကြတဲ့ ပြည်သူတွေ အတွက်လည်း စီးပွားရေး အကျိုးအမြတ်တွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top