0


Created on Tuesday, 03 December 2013 02:27


မြန်မာနိုင်ငံမှ ပြည်ပသို့ တရားမ၀င် သစ်ခိုးထုတ်မှုများ မြင့်တက်နေပြီး တရုတ်နိုင်ငံ တစ်ခုတည်းသို့ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရှိနေကာ အများဆုံး တင်ပို့နေကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

''အဓိကတော့ တရုတ်ကို တင်ပို့နေတာဖြစ်ပြီး နှစ်စဉ်ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် ရှိနေပြီး တရုတ်ကို တင်ပို့မှု အများဆုံးပဲ'' ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အဓိက သစ်မှောင်ခို ထုတ်လုပ်မှုဒဏ်ကို ခံနေရသော ပြည်နယ်များတွင် တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် ကရင်၊ ကယားနှင့် ရှမ်းပြည်နယ်များ ဖြစ်ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ သစ်တောများမှ သစ်များအား ခိုးယူထုတ်လုပ်မှုများ ရှိကြောင်း ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများတွင် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့နှင့် ကုလသမဂ္ဂသ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။ သစ်တောပြုန်းတီးရသည့် အကြောင်းရင်းများတွင် တရားမ၀င်၊ တရားဝင် သစ်ထုတ်လုပ်မှုများ၊ ကျူးကျော် တောင်ယာများနှင့် စွမ်းအင်ရရှိရေးအတွက် ထင်းနှင့် မီးသွေး ထုတ်လုပ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ သစ်ဈေးကွက်များဖြစ်သော အီးယူနိုင်ငံများ သစ်ဈေးကွက်၊ အမေရိကန် သစ်ဈေးကွက်နှင့် ဂျပန်နိုင်ငံ သစ်ဈေးကွက်များသို့ တင်ပို့နိုင်ရန် တရားဝင် ထုတ်လုပ်သည့်သစ်များ ဖြစ်ကြောင်း ထောက်ခံချက်နှင့် အသိအမှတ်ပြု ထောက်ခံချက်များ ရရှိရန် လိုအပ်နေကြောင်း သိရသည်။ ထိုကဲ့သို့ ထောက်ခံချက် (FLEGT Certificate) ရရှိရန်အတွက် မြန်မာနိုင်ငံ အနေနှင့် ကြိုတင်ပြင်ဆင်ခြင်း အဆင့်အား စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ နှစ်ရှည်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် သစ်လုံးများ သယ်ဆောင်လာသည့် ကားတစ်စီးကို တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
3

Post a Comment

 
Top