0
တစ်ခါက ဒေါက်တာလှဘေတစ်ယောက်လန်ဒန်မှာ
ပါမောက္ခလုပ်ခဲ့စဉ် အောက်စဖို့ဒ်တက္ကသိုလ်က အရှေ့တိုင်း
ယဉ်ကျေးမှုလေ့လာရေး အသင်းတစ်သင်းက သူ့ကိုဖိတ်ခဲ့တယ်.......
သူလည်းသွားပြီးဟောပြောခဲ့တယ်။ ဟောပြောရတဲ့နေရာက ကွင်းပြင်
တစ်ခုမှာပါ။ အဲ့ဒီပွဲကိုလာရောက်သူကတော့ ရာဂဏန်းလောက်ပဲရှိတယ်။
အဲ့ထဲမှာ စက်ဘီးနဲ့လာတဲ့အမျိုးသမီးလေးတစ်ယောက် ဆရာကြီး
ဟောနေစဉ်မှာပဲ ရောက်လာတယ်။ဆရာကြီးကတော့ ဟောပြောနေသူဖြစ်လို့
ပရိသတ်အားလုံးကိုမြင်နေရတယ်။ဆရာကြီးက ဗုဒ္ဒဘာသာယဉ်ကျေးမှုအကြောင်း
ဟောပြောတယ်။ဟောပြောပွဲအပြီးမှာ အိန္ဒိယသားတစ်ယောက်က
ဆရာကြီးဟောပြောတာကိုဆန့်ကျင်ပြီး မေးခွန်းထုတ်တယ်။ဆရာကြီးကတော့
ပြန်ဖြေပေးပါတယ် ဒါပေမယ့် ဘယ်လိုဖြေဖြေ အဲ့ဒီလူက လက်မခံနိုင်ဘူး။
နောက်ဆုံးမှာ စောစောကစက်ဘီးနဲ့လာတဲ့ မိန်းကလေးက ကျွန်မဖြေလို့ရမလား
ဆိုတော့ ဆရာကြီးကဖြေပါလို့ပြောပါတယ်။ဒီအခါ အဲ့မိန်းကလေးက
လိပ်ပတ်လည်အောင် ရှင်းပြလိုက်တော့ စောစောကအတွန့်တက်နေတဲ့
အိန္ဒိယသားလည်း လက်ခံသွားတယ်။ပွဲပြီးတော့ အဲ့ဒီမိန်းကလေးက ဆရာကြီးကို
လာနှုတ်ဆက်ပါတယ်။သူဘယ်သူလည်းဆိုတာသိကြလား.............???
အဲ့တာ “ဒေါ်အောင်ဆန်းစုကြည်” ပါပဲတဲ့...........
ဒါကတော့ ငယ်ငယ်ကထဲက စကားပြောစွမ်းရည်ထက်မြက်တဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့အရည်အချင်းတစ်ခု ပါပဲ........

ဒေါက်တာခင်မောင်ညို ရေးသားချက်အား ကိုးကား၍ ပြန်လည်ဖော်ပြလိုက်ရပါသည်

အေးချမ်းမွန် Credit To > Nayye Khaung < Thankhttps://www.facebook.com/excellencemedia
197

Post a Comment

 
Top