0

ပြည်ပခရီးသွားလာသူများအတွက် ခရီးသွားဗီဇာကတ် (Travel VISA Card) ကိုင်ဆောင်အသုံးပြုခြင်း က နိုင်ငံခြားငွေလဲလှယ်နှုန်းထားကြောင့် ဖြစ်ပေါ်လာသောနစ်နာမှုများကို ကျော်လွှားနိုင်မည်ဟု ပြည် တွင်း၌ ဒုတိယမြောက်ခရီးသွား ဗီဇာကတ်စနစ်လုပ်ကိုင်သည့် CB ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးကျော်လင်းက ပြောသည်။

ကတ်ပြုလုပ်ထားသူ၏ ဘဏ်ငွေစာရင်းသို့ ကမ္ဘာ့နိုင်ငံအများစု အသုံးပြုသည့် ငွေသုံးမျိုးထည့်သွင်းနိုင် ကာ ပြည်ပခရီးသွားလာစဉ် သက်ဆိုင်ရာ နိုင်ငံများ၏ ATM စက်များမှတစ်ဆင့် ငွေသားတိုက်ရိုက်ထုတ် ယူနိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံခြားငွေလဲမှုလုပ်ရန်မလိုတော့ခြင်းအပေါ်ရည်ညွှန်းကာ ဒီဇင်ဘာ ၅ ရက် ကCB ဘဏ်ရုံးချုပ်၌ပြုလုပ်သော EASi Travel VISA Card စတင်ခြင်း သတင်းစာရှင်းလင်းပွဲတွင်ပြော သည်။

ဦးကျော်လင်းက “ ပြည်ပခရီးစဉ်တွေကို သွားတဲ့အခါမှာ နိုင်ငံခြားငွေလဲရတာတွေရှိတဲ့အတွက် ငွေ လဲနှုန်းအတက်အကျတွေကြောင့် နစ်နာတာတွေရှိတယ်။VISA Card ကတော့ ငွေသုံးမျိုးထည့်လို့ရတဲ့ အတွက် ငွေလဲနှုန်းကြောင့် နစ်နာတာမဖြစ်တော့ဘူးပေါ့” ဟု ပြောသည်။

အဆိုပါ ဗီဇာကတ်သည် ကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ သုံးမျိုးအား ထည့်သွင်းထားနိုင်သော Multi-Currency Travel Prepaid Card ကတ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ ကျော်တွင် ငွေသားတိုက် ရိုက်ထုတ်ယူခြင်း၊ ၀န်ဆောင်မှုရရှိသည့်နေရာများတွင်ကတ်ဖြင့်ဝယ်ယူအသုံးပြုခြင်းနှင့် အွန်လိုင်းဈေး ကွက်များတွင် ၀ယ်ယူခြင်းများကို လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ရှေ့ဆောင်ဘဏ်ကလည်း ခရီးသွားဗီဇာကတ်စနစ်ကို လုပ်ကိုင်နေသည်။ ခရီး သွားဗီဇာကတ်ငွေစာရင်း (အကောင့်)ဖွင့်လိုသူများမှာ မြန်မာ့ရှေ့ဆောင်ဘဏ်တွင်မူ ကျပ်ငွေ ၁၂,၀၀၀ ကျပ်နှင့် CB ဘဏ်တွင်မူ ကျပ် ငွေ ၈,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ကတ်အတွင်းတွင် အနည်းဆုံးအမေ ရိကန်ဒေါ်လာ ၂၀၀ နှင့် အများဆုံး အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ ထည့်သွင်းနိုင်မည်ဖြစ်သည်။

ထုတ်ယူသုံးစွဲရာတွင်မူ တစ်ရက်လျှင် သက်ဆိုင်ရာနိုင်ငံရှိATM စက်များ၏ သတ်မှတ်ပမာဏအတိုင်း ထုတ်ယူနိုင်ကာ ထည့်သွင်းထားသော ငွေကြေးကုန်ဆုံးပါက သက်ဆိုင်ရာဘဏ်သို့ ဆက်သွယ်ကာ ငွေထပ်မံဖြည့်သွင်းနိုင်မည်ဖြစ်ပြီး ထုတ်ယူတိုင်း ကန်ဒေါ်လာသုံးဒေါ်လာဖြတ်တောက်လိုက်မည်ဖြစ်သည်။

အေးချမ်းမွန် Credit To >ကြေးမုံသတင်းစာ < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top