0


ဒီဇင်ဘာ ၈။

တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆန်မင်ဒဲလား
ကွယ်လွန်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် လူ့အခွင့်အရေးနှင့်
ဖိနှိပ်မှုများ တွန်းလှန်တိုက်ဖျက်ရေး ပြယုဂ်အဖြစ် စံပြုထားသော ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။ ယခုအခါ မင်ဒဲလား၏ စိတ်ဓာတ်နှင့်ခွန်အားမျိုး ရှိသည့် သူနှင့်ဂုဏ်ရည်တူ ပုဂ္ဂိုလ်တစ်ဦးကို
ပြောင်းလဲ အလေးအမြတ်ပြုရန် အာရုံစိုက်လာခဲ့ကြသည်။

ထိုအခါ မြန်မာနိုင်ငံမှ မင်ဒဲလားကဲ့သို့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား
ဖြစ်ခဲ့သူ၊ လက်ရှိအစိုးရ၏ အတိုက်အခံပါတီ ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊ တိဗက်လွတ်မြောက်ရေးနှင့် အခွင့်အရေး ကြိုးပမ်းသူ ဘုန်းတော်ကြီး ဒလိုင်လားမားနှင့် ပါကစ္စတန်မှ အမျိုးသမီးများ၏ အခွင့်အရေးအတွက် ကြိုးပမ်းနေသူ ကျောင်းသူ မာလာလာ တို့ကို အရင်ကထက် ပိုမို ငဲ့ကြည့်လာကြသည်။

မင်ဒဲလားဘ၀ကို ကြည့်လျှင် လူမဲတို့လွတ်မြောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းမှုဖြင့် အကျဉ်းစံ
ဘ၀ဖြင့်၂၇နှစ်နီးပါး နေခဲ့ရပြီး ခေတ်သစ်တောင်အာဖရိကကို
ခေါင်းဆောင်နိုင်ခဲ့သူ တစ်ဦးအဖြစ် တွေ့မြင်ရမည်။ မည်သို့သော အကြောင်းပြချက်ဖြင့် ဖြစ်စေ သူသည် တောင်အာဖရိက ၏ သူရဲကောင်းတစ်ဦးအဖြစ် ရပ်တည် နိုင်ခဲ့သည်။

အချို့က သူ့ကို တောင်အာဖရိက၏ လင်ကွန်းဟုပင် တင်စားထားကြသည်။
ကမ္ဘာ့တစ်ဝန်းလုံး၏ ဖိနှိပ်ခံဘ၀ လွတ်မြောက်ရေး ကြိုးပမ်းမှု
စောင့်ကြည်ရေးအဖွဲ့ Freedom House မှ ဒုတိယ ဥက္ကဋ္ဌ ဒန်နီရယ်ကလန်ဂါရက်က မင်ဒဲလား၏ လုပ်ဆောင်ချက်များ၊ ရပ်တည်ချက်များ၊ အောင်မြင်မှုများနှင့် ထပ်တူကျသူ
နောက်ထပ်သူတစ်ဦးကို ကမ္ဘာတွင် ထပ်ရှာနိုင်ရန် ခက်ခဲနေသည့် အချိန် ဖြစ်သည်ဟု ဆို၏်။ မင်ဒဲလား ကိုယ်တိုင်ကပင်လျှင် တစ်ချိန်က
ကမ္ဘာနိုင်ငံရေးလောက၏ စံပြပုဂ္ဂိုလ်ကြီးများဖြစ်သော မဟတ္တမဂန္ဒီ၊ နှင့် မာတင်လူသာကင်းတို့၏ မူအတိုင်း ငြိမ်းချမ်းရေးကို အဓိက အားထားကာ လျှောက်လှမ်းခဲ့သည်။ သူတို့နှစ်ဦးနှင့် မင်ဒဲလား၏ ကွာခြားချက်ကိုကြည့်လျှင် ဂန္ဒီနှင့်ကင်းတို့ နှစ်ဦးသည် သူတို့၏
အိပ်မက်များ အကောင်အထည်မပေါ်လာမီ ကာလများတွင်း
လုပ်ကြံခံခဲ့ပြီး မင်ဒဲလားမှာမူ သက်ရှိထင်ရှားဘ၀၌ပင် အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်ခွင့် ရခဲ့သည်ကို တွေ့ရမည်။

မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
လက်ရှိ လွှတ်တော်တွင် အမတ်တစ်ဦးဖြစ်မလာမီက နေအိမ်
အကျယ်ချုပ်ဖြင့် ၁၅နီးပါး နေခဲ့ရသည်။

သူသည် မင်ဒဲလား အောင်မြင်မှုရခဲ့သော တောင်အာဖရိက ကဲ့သို့ ဖြစ်လာရန် လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေရဆဲပင် ဖြစ်သည်။

နိုင်ငံသားတိုင်း လူ့အခွင့်အရေး တူညီစွာ ရရှိနိုင်ရေး အတွက် ကြိုးပမ်းနေရဆဲဖြစ်သည်။ဒန်ဗာ တက္ကသိုလ်မှ ပါမောက္ခ
ဒိုရက်စ်ခရုစ်က သူမသည် အာဏာရှင်စနစ်ကို အဆုံးသတ်စေခဲ့သော်လည်း အာဏာရှင်စနစ်၏ ဆိုးမွေများကိုမူ အပြီးသတ်ပပျောက်ရန် ကြိုးပမ်း၊ ရင်ဆိုင်နေရဆဲဖြစ်သည်ဟုဆိုသည်။

တရုတ်လက်အောက်မှ တိဗက်ဒေသ လွတ်လပ်ရေးရရန် အကြမ်းမဖက်သောနည်းဖြင့် အဖြေရှာနေသည့် ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး ဒလိုင်လာမားမှာ နှစ်ပေါင်း ၆၀နီးပါး ပြည်ပတွင်
နေထိုင်နေရသည်။ မာဘိုရိုကောလိပ်မှ စိတ်ပညာ ပါမောက္ခ ၀ီလျံအက်ဒဲဂလက်စ်က ဒလိုင်လားမားသည် မင်ဒဲလားနှင့် ခပ်ဆင်ဆင်တူသော်လည်း သူ၏ လုပ်ဆောင်ချက်များမှာ တစ်မျိုးတစ်ဘာသာ ဆန်သည်။ သူသည်လည်း အဆုံးစွန်သော အောင်မြင်မှုရရန် ကျန်ရှိနေဆဲဖြစ်သည်။

အသက် ၁၆နှစ်အရွယ် မာလာလာမှာ အမျိုးသမီးများ ပညာသင်ကြားနိုင်ခွင့်အရေးအတွက် တာလီဘန်တို့ လုပ်ကြံခံခဲ့ရပြီး ကံကောင်းထောက်မစွာ ပြန်လည်အသက်၇ှင်ခွင်ရသူဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေး ခေါင်းဆောင်များ ရရှိခဲ့သော နိုင်ငံတကာ
ဆုအချို့ကို လက်တလော ရယူထားနိုင်သူဖြစ်သည်။ သူမက မင်ဒဲလား ကွယ်လွန်ချိန်တွင် သူမ၏ခေါင်းဆောင် ဟု ခေါ်ဝေါ်ခဲ့သည်။

မစ္စတာမင်ဒဲလားကို ပြန်ကြည့်လျှင် သူ၏ယုံကြည်မှုအတွက် သမ္မတတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်အထိ အောင်မြင်မှု ရခဲ့သလို၊
သူ၏ ရည်မှန်းချက်မှန်သမျှ ပြည့်ဝစေခဲ့သူဟု တွေ့ရမည်။

ပါမောက္ခ အက်ဒဲဂလက်စ်က လက်ရှိအချိန်တွင် တရုတ်တွင်လည်း မင်ဒဲလားကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးပေါ် ထွက်လာဦးမည်ဟု
မြင်ယောင်နေသည်ဟု ဆိုသည်။

သို့သော်လည်း လက်ရှိအချိန်တွင် သူလိုလူများက ခေါင်းဆောင်
တစ်ဦးချင်းစီ၏ ကောင်းကွက်များကို သိထားကြပြီး၊ ဟာကွက်များကိုလည်း နားလည်ထားကြောင်း၊ မင်ဒဲလားလို လူမျိုး နောက်ထပ်ပေါ်လာဦး
မည်မဟုတ်ဟု မပြောချင်ကြောင်းနှင့် သူ၏ မျှော်လင့်ချက်များ အမှန်တကယ် ဖြစ်လာလိမ်မည် (မင်ဒဲလားလိုလူမျိုး ပေါ်ထွက် လာလိမ့်ဦးမည်) ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: AP

အေးချမ်းမွန် Credit To >The Myanma Age< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top