0

သတင်း + ဓာတ်ပုံ + မူပိုင် = ကိုတိုးကြီး
နိုဝင်ဘာ ၆
လက်ပံတောင်းဒေသရှိ သပိတ်စခန်းများကို ရှင်းလင်းဖယ်ရှားခြင်းခံခဲ့ရသည့် တစ်နှစ်ပြည့်မြောက် နေ့ရက်ဖြစ်သော နိုင်ဝင်ဘာ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြိးမြို့နယ်၊ ဆည်တည်းရွာဟောင်း အနီးဝန်းကျင်မှာရှိ တဲ့ အင်ကြင်းတောင် သပိတ်စခန်းမှာ စတင် အပူဇော်ခံ ထားရှိတဲ့ လက်ပံတောင်း တောင်ကြားစေတီ၏ စိန်ဖူးတော်ကြီးအား မကြာမီရက်ပိုင်းအတွင်းမှာ ဒေသတွင်းရှိ ဂေါသဂံ ( နယ်မြေခံရွာ) ကျေးရွာတွေဆီကို လှည့်လည် အပူဇော်ခံဖို့ စီစဉ်ဆောင် ရွက် ထားတယ်လို့ အင်ကြင်းတောင် သပိတ်စခန်းက ဦးဆောင် သံဃာတော်တစ်ပါးဖြစ်တဲ့ ဥူးဝိမလ(ခ) ဥူးသုက ဒီကနေ့မ နက်မှာဘဲ မဇ္ဈိမ ကို မိန့်တော်မူခဲ့ပါတယ်။
ဒီလို လှည့်လည်အပူဇော်ခံနိုင်ဖို့အတွက်လည်း လိုအပ်တဲ့ အဆောင်အယောင်တွေကို မန္တလေးမြို့မှာ မှာယူဝယ်ထားပြီးဖြစ် တယ်လို့ အဲ့ဒီ ဆရာတော်က မိန့်ပါတယ် ..။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က ၀မ်ပေါင် ကြေးနီတူးဖော်ရေး သတ္တုတွင်းလုပ်ငန်းခွင်က ဖောက်ခွဲလိုက်တဲ့ မိုင်း ဒဏ်ကြောင့် လက်ပံတောင် တောင်ကြားမှာတည်ထားကိုးကွယ်တဲ့ လယ်တီသိမ်တော် စေတီကြီး၏ စိန်ဖူးတော်မှာ မြေခခဲ့ရ တယ်လို့ တုံကျေးရွာဒေသခံတွေက အဲ့ဒီလို ပြောပြပါတယ်.။
မြေခခဲ့ရတဲ့ စိန်ဖူးတော်ကြီးအစား စိန်ဖူးတော်အသစ်တစ်ဆူကို မန္တလေးမြို့က မှာယူပြီးနောက် စိန်ဖူးတော်တင်လှူနိုင်ရေး ဦးဆောင်သံဃာတော်များနဲ့ ဒေသခံရွာသူ၊ ရွာသား (၁၀၀) ကျော်ဟာ ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က တုံကျေးရွာကနေ လက်ပံတောင် တောင်ကြားဘက်ဆီသို့ ပင့်ဆောင်လာချိန်မှာ သက်ဆိုင်ရာက အင်အားသုံး တာမြစ်ခဲ့တာကြောင့် အခုလို အင်ကြင်းတောင် သပိတ်စခန်းမှာ စိန်ဖူးတော်အသစ်နဲ့ ခြေခဲ့ရတဲ့ စိန်ဖူးတော်အဟောင်းနှစ်ဆူကို ပင့်ဆောင်အပူဇော်ခံထား ရခြင်းဖြစ်တယ်လို့ ဆရာတော် ဥူးဝဏ္ဏသိန္ဓိက မိန့်ပါတယ်။
ရွာသူ၊ ရွာသားတွေတင်လှူပူဇော်မည့် စိန်ဖူတော်ကြီး၏ စေတီဟာ ကြေးနီစီမံကိန်း သတ္ထုမိုင်း လုပ်ငန်းခွင်တည်ရှိရာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ကန့်သတ်ဧရိယာ နယ်မြေအတွင်းမှာ တည်ရှိတာဖြစ်တာကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ ၏ ခွင့်ပြုချက်ရရှိမှသာ တင်လှူပူဇော်နိုင်မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ လက်ပံတောင်းအရေး လေ့လာစောင့်ကြည့်သူ တစ်ဦးကလညှ်း ပြောပြပါတယ်..။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးတင်ဝင်း ဆီက သီးခြားသတင်း အတည်ပြုချက်ရရှိနိုင်ဖို့ ဆက်သွယ်ကြိုးစားခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးသည့်အတွက် ထိုသူတို့ထံမှ သီးခြားအတည်ပြုချက်များ မရရှိသေးပေ ...။

အေးချမ်းမွန် Credit To > ကိုတိုး ချင်းတွင်း < Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top