0

Friday, December 13, 2013

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ကညင်ဒိုင်း ကျေးရွာ ရွာလယ် လမ်းမပေါ်တွင် ဒီဇင်ဘာ ၈ ရက်ည ၇ နာရီခွဲက အမျိုးသမီး တစ်ဦး၏ ဦးခေါင်းမှ ရွှေဘီးကုပ်ကို လုယူပြီး အရက်ပုလင်းဖြင့် ဦးခေါင်းကိုရိုက်ကာ ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး တရားခံအား ညောင်ပင်သာ နယ်မြေရဲစခန်းမှ ၂၄ နာရီအတွင်းဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စီမံကိန်း ရုံးဝင်းနေ မသီတာဝင်း ၃ဝ နှစ် (ဘ)ဦးကျော်မြင့်သည် ၎င်း၏မောင်ဖြစ်သူ မင်္ဂလာပွဲအတွက် ကညင်ဒိုင်း ကျေးရွာသို့ ရောက်ရှိပြီး ရွာလယ်လမ်းမပေါ်တွင် လမ်းလျှောက်နေစဉ် အမည်မသိ လူငယ်တစ်ဦးမှ မသီတာဝင်း၏ ဦးခေါင်းရှိ နှစ်ကျပ်သား ရွှေဘီးကုပ် တန်ဖိုးငွေကျပ် ၁၂ သိန်းခန့်ကို လု၍ အရက်ပုလင်းဖြင့် ဦးခေါင်းကိုရိုက်ပြီး ထွက်ပြေးသွားခဲ့သည်။ မသီတာဝင်း ၏ နောက်မှ လိုက်ပါလာသော ရွှေပြည်သာမြို့နယ် နေသူ ကိုဉာဏ်စိုးအောင် ၄ဝ နှစ်(ယာဉ်မောင်း)နှင့် သံချောင်း ၂၈ နှစ် (ဗီဒီယိုရိုက်သူ)တို့မှ တွေ့ရှိသဖြင့် လိုက်ဖမ်းစဉ်လုယူသူမှာ ခလုတ်တိုက် လဲကျပြီး ပစ္စည်းကျကျန်ကာ လူထွက်ပြေးသွားသည်။ မသီတာဝင်းမှာယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိ၍ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်ပင်သာ ရဲစခန်းမှ (ပ)၂၁၂/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၈၂/၃၂၅ ဖြင့် ဒီဇင်ဘာ ၉ ရက် နံနက်တစ်နာရီခွဲက အမှုဖွင့်လှစ်ခဲ့ပြီး ရဲအုပ်နေလင်း ဦးစီးအဖွဲ့သည်ကညင်ဒိုင်း ကျေးရွာသို့ နံနက် ၂ နာရီခွဲက သွားရောက်စစ်ဆေး ဖော်ထုတ်ရာ ထွန်းထွန်းနိုင် ၃၃ နှစ် (ဘ)ဦးညွန့်သန်း ကညင်ဒိုင်း ကျေးရွာနေသူအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :မြ၀တီ

Post a Comment

 
Top