ထင်းခုတ်ရာမှ သစ်ပင်ပိ၍ လူတစ်ဦး သေဆုံး
Friday, December 13, 2013
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာ အုပ်စုဒိုးတန်း ကျေးရွာနေ အဒူဂေါ်ဖူး ၄ဝ နှစ်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက
ရွာအနောက်ဘက် တောင်တန်း၌ ထင်းခုတ်ရန် သစ်ပင် ခုတ်လှဲရာ သစ်ပင်ပိ၍ သေဆုံးကြောင်း ၎င်းနှင့်အတူ သစ်ပင်ခုတ်သူ ဂျီရာမန် ၂၂ နှစ် သိမ်တောင်ကျေးရွာ နေသူက ၎င်း၏မိခင်ဖြစ်သူ လိုင်လာဘေဂေါင် ၆၅ နှစ် (ဘ)ဦးဘော်လူမျာနှင့် ရွာသားများထံ လာရောက်ပြောပြ၍ ရွာသားများမှ ရဲစခန်းသို့သတင်းပို့ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဘူးသီးတောင် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၄၄/၂ဝ၁၃)ဖြင့် ရေးဖွင့်၍ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :မြ၀တီ
Post a Comment