0

ယခု ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်မှု ဖြစ်စဉ် အကြိမ် ၃၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ ၁၀ လုံး၊ ဂိုဒေါင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၁၅ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရပြီး၊ သုံးဦးသေဆုံး ခဲ့ကြောင်း သိရသည်။

ယခုလ ပထမပတ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ပေါ့ဆ၍ လောင်သောမီးမှာ အများဆုံး ဖြစ်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

ပထမပတ်အတွင်း လူတို့၏ ပေါ့ဆမှုကြောင့် လောင်သောမီးမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ငါးကြိမ်အများဆုံး ဖြစ်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင် နှစ်ကြိမ်၊ ရှမ်းပြည်နယ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မကွေးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လျှပ်စစ်ကြောင့် လောင်သောမီးမှာ ပထမပတ် အတွင်းတွင် ရန်ကုန်တိုင်း ဒေသကြီးတွင် သုံးကြိမ်၊ မန္တလေးတိုင်း ဒေသကြီးတွင် သုံးကြိမ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်တို့တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးဖိုမီးကြောင့် လောင်သောမီးမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုများအနက် လူသေဆုံးခဲ့သော မီးလောင်မှုများမှာ ပထမပတ်အတွင်း ကရင်ပြည်နယ်တွင် တစ်ကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် တစ်ကြိမ်၊ ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ဒီဇင်ဘာ ၅ ရက်တွင် တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်၊ ၁၁ လမ်းရှိ ဦး .......(၆၈နှစ်) လေဖြတ်ရောဂါ ခံစားနေသူ၏ အိမ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်သည့် အကြောင်းရင်းမှာ ဦး..........(၆၈) နှစ် လေဖြတ်ရောဂါ ခံစားနေသူသည် အိပ်၍ ဆေးလိပ်သောက်စဉ် ဆေးလိပ်မီး အိပ်ရာပေါ်ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် ဦး.....(၆၈နှစ်) လေဖြတ်ရောဂါ ခံစားနေရသူသည် မီးလာင်သေဆုံးခဲ့သော မီးလောင်မှု ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလ ပထမပတ်အတွင်း မီးလောင်ကျွမ်းမှုကြောင့် ကျပ်သန်းပေါင်း ၁၀ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

(ဒီဇင်ဘာ ၁၀ ရက်က လူခုနှစ်ဦးထိ သေဆုံးခဲ့သော Venus Garden Spa အား မီးလောင်ကျွမ်းမှု အပြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း))

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Eleven Media Group

Post a Comment

 
Top