0

Created on Tuesday, 03 December 2013 17:51 

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် အချက်အလက်များအရ လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီမှ အောက်တိုဘာလအထိ ပုံမှန်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှုမှ ရရှိငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄၉၇ ဒသမ ၅၄ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၇၁ ဒသမ ၇၈ သန်း စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၂၆၉ ဒသမ ၃၂ သန်းရှိကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုနိုင်ရန် လျာထားကြောင်း . . . . .

အဆိုပါ ကာလအတွင်း ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၃၂၈ ဒသမ ၇၃ သန်း၊ နယ်စပ်မှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၄၂ ဒသမ ၁၅ သန်း စုစုပေါင်း သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃၇၀ ဒသမ ၈၈ သန်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာရေးနှစ် ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိခဲ့ပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၁၁၀၁ ဒသမ ၅၆ သန်း ရှိခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုနိုင်ရန် လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ မှီခိုအားထား နေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေပြီး ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး အကောင်အထည်ဖော်မည့် အထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/excellencemedia

Post a Comment

 
Top