Created on Tuesday, 03 December 2013 18:02
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံ ကျေးရွာတွင် နိုဝင်ဘာ ၂၁ ရက်က ဧရာဝတီ မြစ်ကမ်းတစ်လျှောက်တွင် ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ်းပါးပြိုခြင်းများထက် မြေလွှာများ နိမ့်ဆင်းလျက်ရှိကြောင်း ဒေသခံများနှင့် ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး၏ ပြောပြချက်များအရ သိရသည်။ ထို့နောက် ဆိပ်ကမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
"မြစ်ကမ်းပါးပြိုတာ ကြီးကြီးမားမားတော့ ဆက်လက်ဖြစ်ပေါ်မှု မရှိသေးပါဘူး။ ဒါပေမဲ့ ကမ်းပါးကတော့ တဖြည်းဖြည်း နိမ့်ဆင်းနေပါတယ်။ အန္တရာယ်ရှိတဲ့ လူနေအိမ် အချို့က လူတွေကိုတော့ ရွှေ့ပြောင်းဖို့ ပြောထားပါတယ်" ဟု ဦးထွန်းထွန်းဦးက ဆိုသည်။
ဆီမီးခုံ ကျေးရွာတွင် ဧရာဝတီ မြစ်ကမ်းပါး ပြိုခြင်းနှင့် မြေလွှာအက်ကြောင်းများ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပြီးနောက် မြေလွှာထု ကျွံခြင်းများပါ ဆက်လက်ဖြစ်ပေါ်ကာ မြစ်ကြောင်းပြောင်းလဲမှု သိသာစွာ ဖြစ်ပေါ်နေကြောင်း ဒေသခံ ရွာသားများက ဆိုသည်။
"ကမ်းပါးက ပြိုတာတော့ မတွေ့ရတော့ဘူး။ ဒါပေမဲ့ မြေလွှာက နိမ့်ဆင်းနေပါတယ်" ဟု ဒေသခံ ဆီမီးခုံရွာသား တစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပြသည်။
ဆီမီးခုံဆိပ်ကမ်း ကမ်းပါးပြိုခြင်းများအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့ပြီးနောက် တင်ဒါရယူခဲ့သော Myanmar River Co;Ltd မှ လုပ်ကိုင်ခွင့် ရခဲ့ကြောင်း ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြသည်။ "မြန်မာရေးဗား ကုမ္ပဏီက ဆီမီးခုံဆိပ်ကမ်းပါးပြိုတာ ပြုပြင်ထိန်းသိမ်းဖို့ တင်တာခေါ်တာ အောင်တယ်လို့ သိရပါတယ်။ ကမ်းပါးပြိုတာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆယ်ရက်အတွင်း စလုပ်မယ်လို့လည်း သိရပါတယ်" ဟု ဆိုသည်။
ဆီမီးခုံကျေးရွာ ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကမ်းပါးပြိုခြင်းများထက် မြေလွှာများ နိမ့်ဆင်းမှု ဖြစ်ပေါ်လျက်ရှိစဉ်
အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/excellencemedia
Post a Comment