တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း၂၀ကျော်အတွင်း ချင်းပြည်နယ်တွင် လက်ဝါးကားတိုင်၂၀ ဖျက်ဆီင်္းခံခဲ့ရဟု ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း
(CHRO) ဒါရိုက်တာ ဒေါက်တာဘွေလျန်မန်းက ပြောဆိုလိုက်သည်။
"တပ်မတော်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ်၂၀အတွင်း ချင်းပြည်နယ်မှာ
ချင်းခရစ်ယန်တွေ အရင်ကတည်း ကတောင်ထိပ်တွေမှာ တည်ထားကိုးကွယ်တဲ့ လက်ဝါးကားတိုင်၂၀ခုကို တပ်မတော်အရာရှိတွေနဲ့ အာဏာပိုင်တွေက ဖျက်ဆီးပစ်ခဲ့ကြပါတယ်၊ အဲ့ဒီဖျက်ဆီးလိုက်တဲ့ လက်ဝါးကားတိုင်တွေနေရာမှာ စေတီပြန်ဆောက်တယ်၊ အဲ့ဒီစေတီပြန်ဆောက်ဖို့အတွက် ဒေသခံ ခရစ်ယန်ဘာသာဝင်တွေကို အတင်းအဓမ္မ ပြန်ခိုင်းစေခဲ့ပါတယ်" ဟု ဒေါက်တာဘွေလျန်မန်း ကပြောပြသည်။
ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့ Summit Park View hotel တွင် ပြုလုပ်ခဲ့သော ချင်းအမျိုးသားညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
_________________________
Chin World Media
အေးချမ်းမွန် Credit To >သူရိယနေ၀န်း< Thankhttps://www.facebook.com/excellencemedia
Post a Comment