အောင်အောင်
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။ ။ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း နယ်မြေရှိ ဆာလ်ဖျူရစ်အက်စစ် စက်ရုံပတ်ဝန်းကျင်ရှိ ယာမြေများ မှာ မြေဆိပ်သင့်မှုများဖြစ်ပေါ် နေသည်ကို ဓာတ်ခွဲစမ်းသပ်တွေ့ ရှိရကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဓာတ် ခွဲခန်း တာဝန်ခံဓာတုဗေဒ ပညာ ရှင် ဒေါက်တာကျော်ငြိမ်းအေး က ပြောသည်။
အဆိုပါရလဒ်သည် စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးဓာတ် ခွဲခန်းနှင့် မြေအသုံးချရေးဦးစီး ဌာနပိုင်ဓာတ်ခွဲခန်းများတွင် စမ်း သပ်တွေ့ရှိချက်များဖြစ်ကာ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ လယ်ယာမြေခြောက်ကွက် မှ မြေဆီလွှာများကို စမ်းသပ် ဓာတ်ခွဲခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၅ရက်တွင် ယင်းသို့ရလဒ်ထွက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာကျော်ငြိမ်းအေး က ''အခုတွေ့ရှိချက်က ဆာလ်ဖိတ် ပါဝင်မှုမြင့်မားနေတာကိုတွေ့ရှိ ရပါတယ်။ အခြားနိုက်ထရိုဂျင် တို့၊ ဘာတို့လဲများနေတာတွေ ရှိ ပါတယ်။ ဒါပေမဲ့ မြေဆီလွှာအနေ အထားအရလဲ များတာတွေရှိ တတ်ပါတယ်။ တော်တော်များ များကို တွေ့ရှိရတာကတော့ ဆာ လဖိတ်ပါဝင်မှုပါ။ ဆက်ပြီး လေ့ လာမှုတွေလုပ်ပြီး တိုင်းတာမှုတွေ လုပ်ဖို့လဲလိုပါတယ်'' ဟုပြောသည်။
အေးချမ်းမွန် Credit To >Yangon Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment