မိကျောင်းကန် သပိတ်စခန်းကိစ္စ အချက်သုံးချက်ကို သက်ဆိုင်ရာသို့ တင်ပြမည်ဟု ဦးသိန်းညွန့်ပြော
နန်းသီတာဝင်း
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ။ ။ မိကျောင်း ကန်သပိတ်စခန်းမှ ဆန္ဒထုတ်ဖော် သူများနှင့်ပတ်သက်ပြီး အချက် သုံးချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိကျောင်းကန်သပိတ်စခန်း မှ ဆန္ဒထုတ်ဖော် သူများက အ ချက်ခုနစ်ချက်ကိုတင်ပြခဲ့ပြီး ယင်း ခုနစ်ချက်မှ အချက်သုံးချက်ကို ယာယီသဘောတူခဲ့ကြောင်း သိ ရသည်။
မိကျောင်းကန်သပိတ်စခန်း မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇော်ထွန်းက ''အခုဦးသိန်းညွန့် တာဝန်ယူလုပ်ပေးမယ့် သုံးချက် ကိုတော့ သဘောတူထားတယ်။ ကျွန်တော်တို့ငါးဦးသဘောနဲ့ မ ပြီးဘဲ လူထုအားလုံးနဲ့တိုင်ပင်ပြီး တော့ အကြောင်းပြန်သွားမှာ ဖြစ်ပါ တယ်''ဟု ပြောသည်။
သဘောတူခဲ့သည့်အချက် သုံးချက်မှာ ပုဒ်မ(၁၈)ဖြင့် အရေး မယူရန်၊ တရားစွဲဆိုထားသူများ ကိုလည်း ပြန်ရုပ်သိမ်းပေးရန်နှင့် သပိတ်စခန်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စသည် တို့ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့် က ''ပြော တဲ့အချက်တွေ ထဲမှာ မြေနေရာ ပြန်ရရေးကိုတော့ ကျွန်တော်မ လုပ်ပေးနိုင်ဘူး။ မလုပ်ပေးနိုင်တဲ့ ဟာကို လူထုထောက်ခံမှု၊ နိုင်ငံ ရေးအမြတ်ထုတ် လိုမှုတွေကြောင့် လုပ်ပေးနိုင်တယ်လို့ ကျွန်တော် မပြောဘူး''ဟု ပြောသည်။
ယင်းကဆက်လက်၍ လွှတ် တော်တွင်လည်း လယ်ယာမြေစုံ စမ်းစစ်ဆေးရေးကော်မရှင်မှ အ သိမ်းခံလယ်မြေဧကတစ်ရာ ပြန် ရရန် တင်ရာတွင် ဧကတစ်ဆယ် ပြန်ရရန်ပင် မနည်းလုပ်နေရ ကြောင်း၊ သို့ဖြစ်ရာ မြေနေရာ ပြန်ရရေးအတွက်ကိုမူ တာဝန်မ ယူနိုင်ကြောင်း ပြောသည်။
မိကျောင်းကန်သပိတ်စခန်း မှ ခေါင်းဆောင်ငါးဦး တင်ပြခဲ့ သည့်အချက်ခုနစ်ချက်မှာ မြေနေ ရာပြန်လည်ရရှိရေး၊ တပ်မှတာဝန် ရှိသူများနှင့်ဆွေးနွေးကာ လူထုကို ချပြပြီး အတည်ပြုချက်ယူရန်၊ အဖြူအမည်းမသဲကွဲမီ နှစ်ဦးနှစ် ဖက်ဆောင်ရွက်မှုကို ထိန်းချုပ် ထားရန်နှင့် ဘုရားကိုသော့မပိတ် ရန်၊ ပုဒ်မ(၁၈)ဖြင့် အရေးမယူရန်၊ တရားစွဲဆို မှုများ ပြန်လည်ရုပ်သိမ်း ပေးရန်၊ ၉-၁၂-၂၀၁၃ ရက်နေ့ ရုပ်သိမ်းပေးရန် အမိန့်ကို ဖယ် ရှားပေးရန်နှင့် သပိတ်စခန်းတွင် ကျန်းမာရေးစောင့်ရှောက် မှုပေး ရန် စသည့် အချက်ခုနစ်ချက် ကို တင်ပြခဲ့ခြင်းဖြစ်သည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်
Credit To:Yangon Media Group
Post a Comment