0

အယ်ဒီတာ့အာဘော်ကဏ္ဍ

လက်ရှိမြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသော (၂၇) ကြိမ်မြောက်ဆီးဂိမ်း သည် မြန်မာတစ်မျိုးသား လုံးနှင့် ဆိုင်သော အားကစား ပွဲတော်ကြီး ၊ မြန်မာ့ ဂုဏ် ဆောင်ပွဲတော်ကြီးဖြစ်သည်။

ဆီးဂိမ်းအားကစားပွဲများ စတင်လိုက်သည်နှင့် မြန်မာ့ခြင်းလုံး ကစားနည်း တွင် မြန် မာအမျိုး သမီးအသင်းက ပထမ ရွှေတံဆိပ်ဆွတ် ခူးလိုက် နိုင်ပြီး မြန်မာ့ဂုဏ်ကို ဆောင်ပြနိုင်ခဲ့သည်။

ကမ္ဘောဒီးယား နှင့် မြန်မာဘောလုံးပွဲတွင်လည်း မြန်မာက သုံးဂိုးဖြင့် ကမ္ဘောဒီးယားကို အနိုင်ကန်ပြလိုက်ပြန်သည်။ ဆိုတော့ မြန်မာ့ခြေစွမ်း၊ မြန်မာ့အားကစား အဆင့်အတန်းကို ဖော် ထုတ်ပြသနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

ယနေ့အထိ နိုင်ငံ အလိုက် ဆုတံဆိပ်ရရှိမှုအခြေအနေတွင် မြန်မာက ထိပ် ဆုံးတွင်ရှိနေသည်ကိုတွေ့ရသည်။ အာဆီယံ ၁၁ နိုင်ငံ တွင် မြန်မာက ရွှေ ၈ ခု၊ ငွေ ၂ ခု၊ ကြေး ၃ခုဖြင့် ထိပ်ဆုံး တန်းက ပြေးနေသည်ကိုတွေ့ရသည်။

ဒုတိယမှာ မလေးရှား ဖြစ်ပြီး မလေးရှားက ရွှေ ၂၊ ငွေ ၄၊ ကြေး ၈၊ တတိယ အဖြစ် ထိုင်းက ရွှေ ၂၊ ငွေ ၂၊ ကြေး ၁၊ စတုတ္ထအင်ဒိုနီးရှား က ရွှေ ၂၊ ငွေ ၁၊ ကြေး ၂၊ ပဉ္စမ ဗီယက်နမ်က ရွှေ ၂၊ ငွေ ၁၊ ကြေး ၁၊ ဆဋ္ဌမ ကမ္ဘောဒီးယားက ငွေ ၂၊ ကြေး ၂၊ သတ္တမ လာအိုက ကြေး၂၊ ငွေ ၂၊ အဋ္ဌမ စင်ကာပူက ငွေ ၁၊ ကြေး ၂၊ နဝမ ဖိလစ်ပိုင်က ငွေ ၁၊ ဘရူနိုင်းနှင့် တီမောတို့က ဘာဆုမှ မချိတ်သေးသည်ကို တွေ့ရသည်။

သတင်းတစ်ခုတွင်တော့ဗီယက်နမ်အားကစားသမားများ နေပြည်တော်တွင် ခြင်ကိုက်သည့်ပြဿနာ ကြောင့် အိပ်ရေးပျက်ကာ အားအင်ဆုတ်ယုတ်၍ တာ ဝန်ရှိသူများက ခြင်ထောင်ဝေပေးလိုက်ရသည်ဟူသော သတင်းဖြစ်သည်။ ဆီးဂိမ်းစီစဉ်သူများအနေဖြင့်လည်း အားကစားပွဲများသို့ ပရိသတ်မစည် မည်ကို စိုးရိမ်ကြောင့် ကြမှုများရှိပြီး ပြည်နယ်များမှ တိုင်းရင်းသားများ ကို ခေါ်ယူကြည့်ရှုရန် စီစဉ်မှုများရှိကြောင်း ကြားရသည်။

မည်သို့ပင်ဖြစ်စေ (၂၇)ကြိမ်မြောက်ဆီးဂိမ်းသည် အမှန် တကယ်ပင် မြန်မာလူမျိုးများအဖို့ ဂုဏ်ယူစရာ၊ မင်္ဂလာ ယူစရာကိစ္စတစ်ခုဖြစ်ပါသည်။

သို့တိုင် မြန်မာနိုင်ငံတွင် ထိုသို့မင်္ဂလာအချိန်၊ မင်္ဂ လာယူစရာကိစ္စများချည်း လည်း မဟုတ်ပါ။ ယခုဆီးဂိမ်း ကျင်းပနေစဉ်မှာပင် ရန်ကုန်၌မြန်မာရှပ်နီများ ဟု ခေါ်ရ မည့် မိကျောင်းကန်ဆန္ဒပြသူများ၏ သပိတ်စခန်းကိစ္စ နှင့် သိမ်ဖြူအားကစားကွင်းကိစ္စ ၉-၁၂-၂၀၁၃ ရက်က ဆန္ဒပြခဲ့ကြသည် ကို တွေ့ရ သည်။

မိကျောင်းကန်သပိတ်စခန်းကိုလည်း သည်ကနေ့ ၉-၁၂-၂၀၁၃ ရက်နေ့ ညနေ ၆နာရီတွင် ဖယ်ရှားပေးရန် နောက်ဆုံးအချိန် သတ်မှတ်ပေးထား သည်ဟု သိရပါ သည်။

မနေ့က ထိုသူတို့ဆီသို့ မိုးသီးဇွန်ရောက်လာသည် ကို တွေ့ရသည်။ ဆိုရလျှင် ထိုသူတို့အတွက်ကတော့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းသည် သူတို့ရင်ထဲတွင်ရှိနေမည် မဟုတ်ပါ။ ပျောက်ဆုံးသွားသော သူတို့မြေနေရာအတွက် သောကများသာရှိနေမည်မှာ သဘာဝကျပါသည်။

ထို ပြဿနာများကို အစိုးရအဖွဲ့သည် အကောင်းဆုံးဖြေရှင်း သွားရန် လိုပါသည်။ (၂၇)ကြိမ်မြောက် ဆီးဂိမ်းသည် မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူစရာဖြစ်ရပ်တစ်ခုဖြစ် သလို မိကျောင်းကန်လို ပြဿနာမျိုး၊ မလက်တိုလို ပြဿနာမျိုးကို အကောင်းဆုံး အသိမ်မွေ့ဆုံးနည်းဖြင့် အစိုးရအဖွဲ့က ပြေလည်စွာဖြေရှင်းပေးနိုင်ခြင်းသည် လည်း ဂုဏ်ယူစရာ၊ မင်္ဂလာယူစရာကိစ္စဖြစ်ပါကြောင်း။

အယ်ဒီတာ

ဒီဇင်ဘာ ၉၊ ၂၀၁၃
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:Yangon Media Group

Post a Comment

 
Top