0

ရန်ကုန်၊ ဒီဇင်ဘာ ၉

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အင်းတိုင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ စစ်ဆေးရေး စခန်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့က ဂေါ်ဖီထုပ်များ တင်ဆောင်လာသော ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာမှ ဂေါ်ဖီထုပ်များ အောက်တွင် ဝှက်ယူ သယ်ဆောင်လာသော တရားမဝင် ကျွန်းခွဲသား ၇ ဒသမ ၃၇၆ တန်ကို ဖမ်းမိခဲ့ကြောင်း လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်း မြစ်သားမြို့နယ် ရေဝန်းကျေးရွာတွင်နေသူ အသက် ၃၈ နှစ်အရွယ် ဦးခွန်ဇော်ကို မောင်းနှင်လာသော နစ်ဆန်း အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်အတွင်း ကာလပေါက်ဈေး ၁၈ သိန်းကျော် တန်ဖိုးရှိ ကျွန်းခွဲသား ၁၉၄ ချောင်း၊ အလေးချိန် ၇ ဒသမ ၃၇၆ တန်ကို ဂေါ်ဖီထုပ်များ အုပ်ကာ တင်ဆောင်လာသည်ကို ဖမ်းမိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ယာဉ်မောင်းက သီရိမင်္ဂလာဈေးကို ကုန်သွားပို့မှာလို့ ပြောပေမယ့် ကျွန်းသစ်နံ့ရလို့ မသင်္ကာတာနဲ့ စစ်ဆေးရာက ဖမ်းမိတာ” ဟု လှည်းကူးမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ကျွန်းခွဲသားများ တင်ဆောင်လာသူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ သစ်ပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်များကို ဒီဇင်ဘာလ ၈ ရက်နေ့က (ပ) ၅၄၄/၁၃၊ သစ်တော ဥပဒေပုဒ်မ ၄၃ (က) ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း လှည်းကူး မြို့မ ရဲစခန်းမှ သိရှိရသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပါရမီလမ်း ဇဋိလလမ်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က Towm Ace ယာဉ်တစ်စီး သစ်ပင်ကို ဝင်တိုက်ရာမှ အဆိုပါ ယာဉ်အတွင်း ကာလတန်ဖိုး ကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိ တရားမဝင် ကျွန်းခွဲသား ၂၃ ချောင်း၊ အလေးချိန် နှစ်တန် နီးပါးကို ဖမ်းမိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်ပိုင် ကျွန်းသစ်တောများနှင့် နီးစပ်ရာ ဒေသတွင်းမှ သစ်များကို ခိုးယူကာ ရန်ကုန် သစ်ဈေးကွက်သို့ သစ်မှောင်ခို ပြန်လည် ရောင်းချရာ တွင် ဒေသတွင်းဈေးထက် သုံးဆခန့် ရရှိကြောင်း၊ ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး သစ်ခွဲသားများ ရှားပါးသဖြင့် ခိုးယူ တင်သွင်းမှု များလာပြီး လစဉ် တရားမဝင်သစ်များ တင်ဆောင်လာသူ များကို ဖမ်းမိလျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:The Voice Weekly

Post a Comment

 
Top