0
မန္တလေးမြို့ ၇၈လမ်း ၃၃×၃၄ လမ်းကြားက ဒိုင်းမွန်း ပလာဇာ မြေညီထပ် ကားပါကင်နေရာမှာ ဒီဇင်ဘာ (၂)ရက်နေ့ ည ၇း၃၀ အချိန်ခန့်က ဗုံးလို့ယူဆရတဲ့ ၁လက်မအကျယ် ၃လက်မအရှည်ခန့် သတ္တုဗူးခွံနဲ့ ဒစ်ဂျစ်တယ်နာရီ၊ ၀ါယာကြိုးများပူးတွဲထားတဲ့ အထုပ်တွေ့ရှိပြီး ကားပါကင်ဝန်ထမ်းက ရဲစခန်းအကြောင်းကြားခဲ့ပါတယ်။

အဲဒီ့ ချိန်ကိုက်ဗုံးလို့ ယူဆရတဲ့အရာကို တပ်ရင်း (၉၁၀)က လာရောက်ပြီး ည၉ နာရီခွဲလောက်မှာ ရှင်းလင်းယူဆောင်သွားကာ စစ်ဆေးပြီးမှ အတည်ပြုနိုင်မယ်လို့ ဆိုပါတယ်။

သတင်းဓါတ်ပုံ - အိမ်ခိုင်မြဲ

အေးချမ်းမွန် Credit To > DVB TV News < Thankhttps://www.facebook.com/excellencemedia
Photo

Post a Comment

 
Top