ယုဝေ|ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်
ဒီဇင်ဘာ ၁၀ ရက် နံနက်အစောပိုင်းက ဖြစ်ပွားသော မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓမာလက္ကားဈေး မီးလောင်မှု နှင့်ပတ်သက်ပြီး အာမခံပေးလျော်ရန်ကိစ္စကို စိစစ်နေဆဲဖြစ်သည်ဟု ဂန္ဓမာလက္ကားဈေး မီးအာမခံ လက် ခံထားရှိသည့် အောင်သစ္စာဦး ပုဂ္ဂလိကအာမခံကုမ္ပဏီမှ မန်နေဂျာ ဦးစိုးကြွယ်က မဇ္ဈိမကို ပြောသည်။
ဂန္ဓမာလက္ကားဈေးကို အောင်သစ္စာဦး ပုဂ္ဂလိက အာမခံကုမ္ပဏီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၈ ရက် က စတင်ကာ မီးနှင့် သဘာဝဘေးအန္တရာယ် အာမခံတစ်နှစ်သက်တမ်း ထားရှိထားသည်။ အာမခံလျော် ကြေးငွေအတွက် ဈေး၏ ပျက်စီးဆုံးရှုံးမှုနှင့် ပြင်ဆင်စရိတ်များကို ကုမ္ပဏီဘက်မှ အင်ဂျင်နီယာများနှင့် တွက်ချက်နေဆဲဖြစ်ပြီး မီးလောင်မှု အာမခံလျော်ကြေးငွေအတွက် ဈေးနှင့် ကုမ္ပဏီ နှစ်ဦးနှစ်ဖက်မှ ကျ သင့်သည့် ပြင်ဆင်စရိတ်အား တွက်ချက်ရမည်ဖြစ်သည်။ ပြင်ဆင်စရိတ်များ ထွက်ရှိလာပါက နှစ်ဘက် ညှိနှိုင်းကာ အာမခံလျော်ကြေးငွေကို သတ်မှတ်မည်ဖြစ်သည်ဟု ဦးစိုးကြွယ်က ဆိုသည်။
“ဈေးကနေ အာမခံကြေးအတွက် ကုမ္ပဏီကို ငွေဘယ်လောက် ပေးသွင်းတယ်ဆိုတာနဲ့ အခုဖြစ်ပွားတဲ့ ကိစ္စအတွက် အာမခံကြေး ကုမ္ပဏီကနေ ဘယ်လောက်ပေးရမယ်ဆိုတာ ပြောလို့မရသေးပါဘူး။ ကျွန် တော်တို့ ကုမ္ပဏီအနေနဲ့ မီးအာမခံလျော်ကြေးငွေ ပေးအပ်ရတဲ့ ကိစ္စကတော့ ဒါ ပထမဆုံးအကြိမ်ပါ”ဟု ပြောသည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၈) ရပ်ကွက် ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ဂန္ဓမာလက္ကားဈေး အပေါ်ထပ် သုံးလွှာမှ Venus Garden Beauty Spa အလှပြင်ဆိုင်တွင် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁ နာ ရီခန့်က လျှပ်စစ်မီးပူမှ မွေ့ရာကို မီးကူးစက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် အလှ ပြင်ဆိုင်မှ လူခုနစ်ဦး သေဆုံးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၅၆ သိန်းကျော်ရှိသည်ဟု မီး သတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
မီးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများအတ
အဆိုပါ အာမခံကုမ္ပဏီသည် အဆောက်အအုံများအတွက် ပေးသွင်းရသည့် အာမခံနှုန်းထားများကို အဆောက်အအုံ အသုံးချပုံ၊ အဆောက်အအုံ အမျိုးအစားများအလိုက် အာမခံကြေးပေးသွင်းငွေနှုန်းထား အမျိုးပေါင်း ၁၀၀ ကျော် သတ်မှတ်ထားပြီး မြန်မာ့အာမခံလုပ်ငန်း ကြီးကြပ်ရေး၏ ခွင့်ပြုချက်ဖြင့် အာမခံ လုပ်ငန်း ခြောက်မျိုးအား ၂၀၁၃ ခုနှစ် မေလ နောက်ဆုံးပတ်က စတင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Mizzima - News in Burmese
Post a Comment