ဒီဗွီဘီ
ဘိုတထောင်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ အရင်စစ်အစိုးရလက်ထက်ကတည်းက မတရားသိမ်းဆည်းခဲ့ပြီး အခုလက်ရှိ အိမ်ယာစီမံကိန်းတွေ ဆောက်လုပ်နေတာကို မကျေနပ်တဲ့ ဒေသခံတွေက မြေယာတွေ ပြန်လည်ရရှိရေးအတွက် ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဥပဒေချိုးဖောက်နေသော ခရိုနီတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး ထိရောက်စွာ အရေးယူပေးရေး၊ တရားမျှတပြီး တရားဥပဒေရှိသော ဒီမိုကရေစီနိုင်ငံကြီး အစစ်အမှန်ဖြစ်ပါစေ အစရှိတဲ့ ပိုစတာတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အေးချမ်းမွန် Credit To >DVB TV News

Post a Comment