Sony မှ ထုတ်တဲ့ USD Flash Drive ဖြစ်ပြီး ဖုန်းနဲ့ Tablet တွေမှာ တစ်ခါတည်း အသုံးပြုလို့ရအောင် စီမံ ထားခြင်း ဖြစ်ပါတယ်။
တစ်ဖက်မှာ ကွန်ပြူတာရဲ့  USB နဲ့ ထိုးနိုင်ပြီး တစ်ဖက်က micro USD ပေါက်ထိုးနိုင်ပါတယ်။ ဖုန်းအများစုမှာ ပါတဲ့ USB ပေါက်က MicroUSB ပေါက်ဖြစ်ပြီး ယင်းအတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ် ပါတယ်။ Storage အနေနဲ့က 8GB, 16GB, 32 GB အသီးသီး စိတ်ကြိုက်ဝယ်ယူ နိုင်ပါတယ်။ ဖုန်းထဲမှာ ရုပ်ရှင်ကြည့်ဖို့အတွက် internal storage ကိုအကုန်မခံချင်တဲ့အခါ ယင်း microSD ပေါက်ကို ထိုးလို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Android 4.0.3 က စလို့ နောက်ဆုံး 4.4 Kit Kat OS ဗားရှင်း အထိ အသုံးပြုလို့ရအောင် စီမံ ပေးထား ပါတယ်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိမှာ ဖြစ်ပြီး ဈေးနှုန်းကို ၁၉.၉၉ ဒေါ်လာ၊ ၂၉.၉၉ ဒေါ်လာ၊ ၆၂.၉၉ ဒေါ်လာ အသီးသီး သတ်မှတ်ထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( pocket-lint )
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Smart Pro Journal
Post a Comment