0


နိုဝင်ဘာ ၁၀။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UESCO) က အမေရိကန်နှင့် အစ္စရေးတို့သည် ၂၀၁၁ နိုဝင်ဘာလမှ စတင်ကာ ပုံမှန်ပေးရမည့် ရံပုံငွေများ ထည့်ဝင်ခြင်း မရှိသည့်အတွက် ယူနက်စ်ကိုတွင် မဲပေးခွင့် မရှိတော့ကြောင်း နိုဝင်ဘာ ၈ရက်က တရားဝင် ကြေညာလိုက်သည်။

ယင်းနှစ်နိုင်ငံသည် ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့က ပါလက်စတိုင်းကို ၁၉၅ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် သတ်မှတ် သည့်အပေါ် ကန့်ကွက်သည့် အနေဖြင့် သူတို့ပေးရမည့် ထည့်ဝင်ငွေများကို ရပ်ဆိုင်းထားခဲ့သည်။

အမေရိကန်တစ်နိုင်ငံ တည်းမှ ပေးချေရမည့်ငွေသည် ယူနက်စ်ကို ဘတ်ဂျက်ငွေ၏ ၂၂ရာခိုင်နှုန်းမျှ ရှိသည်။

ငွေမထည့်ဝင်တော့သည့် ၂၀၁၁ ခုနှစ်မှ တွက်ကြည့်လျှင် ယူနက်စ်ကိုသည် စုစုပေါင်း ဒေါ်လာ သန်း၂၂၀ခန့် ဆုံးရှုံးနေရသည်။

ယူနက်စ်ကို၏ စည်းမျဉ်း ဥပေဒေများအရ အမေရိကန်နှင့် အစ္စရေးသည် ငွေထည့်ဝင်ရမည့် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန် သွားသဖြင့် မဲပေးခွင့် အလိုအလျှောက် ပျက်ပြယ်သွားခြင်းဖြစ်သည်။

အမေရိကန် ပြည်ထဲရေးဌာနမှ ပြောရေုးခွင့်ရှိသူ Jen Psaki က ယူနက်စ်ကို၏ အထွေထွေ ညီလာခံတွင် ယခုကဲ့သို့ မဲပေးခွင့် မရသော်လည်း အဖွဲ့ဝင် အဖြစ်မှ ထွက်လိုက်ခြင်း မရှိကြောင်း၊ အမေရိကန်သည် ယူနက်စ်ကို၏ အရေးကိစ္စများတွင် ပူးပေါင်းပါဝင် နေဦးမည်ဖြစ် ကြောင်း ဆိုသည်။

ဝါရှင်တန်သည် ၁၉၈၄ နှင့် ၂၀၀၃ ခုနှစ်ကြားတွင်လည်း UNESCO မှ ဘေးထွက်နေခဲ့ဖူးသည်။

Ref: AFP

အေးချမ်းမွန် Credit To >The Myanma Age https://www.facebook.com/excellencemedia

Post a Comment

 
Top