0


ဒီကနေ့  မြန်မာပြည်မှာ Technican ဆိုတဲ့ စကားက ရေပန်းစားလာသည်။ ငါက IT Technican ကွဆိုပြီး ကြွေးကြော်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို Technican ဆိုတာဘာလဲဟု မေးဖူးပါသည်။ သူ့ အဖြေကတော့ Technican ဆိုတာ ပညာရှင်ပေါ့ကွ ဆိုတာပဲဖြစ်သည်။ အလားတူ အဖြေမျိုးကို ယနေ့  Technican တော်တော်များများ ဖြေကြပါလိမ့်မည်။ တကယ်တော့ Technican ဆိုသည်မှာ ပညာရှင်မဟုတ်ပါ။ ပညာသည်သာ ဖြစ်ပါသည်။ Academic ကသာ ပညာရှင်ဖြစ်ပါသည်။ Technican ကိုအရင်ဆုံးရှင်းပြလိုပါသည်။ Technican ဆိုသည်မှာမိမိတတ်သိထားသော ပညာရပ်ကို အသက်မွေးဝမ်းကျောင်းအတွက် အသုံးချသူများ ဖြစ်ပါသည်။ အသစ်သစ်သော ပညာရပ်များကို သက်မွေးဝမ်းကျောင်း ပြုရင်း လေ့လာနေသော်လည်း သူတို့ ၏ ပထမဦးစားပေးမှာ ပညာ မဟုတ်ချေ။ သူတို့ အတွက် အသက်မွေးဝမ်းကျောင်းမှုက နံပါတ်တစ်ဖြစ်လာသည်။ Academic ဆိုသည်မှာ (Knowledge for the sake of Knowledge.) ပညာသည်ပညာအတွက်လို့ ခံယူထားသူများ ဖြစ်သည်။ သက်မွေးဝမ်းကျောင်းမှုကို ဦးစားမပေးပဲ အသစ်သစ်သော ပညာရပ်များကို မပြတ်ဆည်းပူးပြီး တီထွင်ကြံဆနေသူများ ဖြစ်သည်။ လက်တွေ့ တွင် ပညာရှင် Academic သည် လူတစ်ထောင်တွင် တစ်ယောက်တွေ့ ဖို့ မလွယ်သော သူများဖြစ်ပြီး သူတို့ တွင် ပညာလောဘမှ လွဲပြီး အခြား ဘာလောဘမှ မရှိချေ။ တခါက ယူကလစ်ကို သူ့ တပည့် တစ်ယောက်က ဆရာကြီးရဲ့  ဂျီသြမေထျီ ပညာရပ်တွေက လက်တွေ့ အသက်မွေးမှုပညာရပ်မှာ ဘယ်လို အသုံးကျလဲလို့ မေးဖူးသည်။ ယူကလစ်လို လူမျိုးကို ပညာရှင်(Academic) လို့ ခေါ်ပြီး သူ့ တပည့် လို လူမျိုးကိုတော့ ပညာသည် (Technican) လို့ ခေါ်သည်။ပညာရှင်ဟာ သိမှု နယ်ပယ်ထဲမှာပဲ ပညာသည်တစ်ယောက်လို တ၀ဲလဲလဲ လုပ်နေမှာ မဟုတ်ပဲ မသိသေးတဲ့ အရာတွေကို သိအောင်လုပ်ပြီး Absolute True အကြွင်းမဲ့ သိခြင်းကို ဦးးတည်သွားမှာပဲ ဖြစ်သည်။ ပညာရှင်တွေဟာ စဉ်ဆက်မပြတ်လေ့လာနေတဲ့ Continual Learners များဖြစ်ပြီး ပညာသည်တွေကတော့ အသက်မွေးမှုကို ဦးတည်နေတဲ့ Professionals များသာဖြစ်ကြောင်း ရေးသားလိုက်ပါသည်။ Credit: ဟိုးဟိုးကျော် �

အေးချမ်းမွန် Credit To > အခမဲ့ ကြော်ငြာ https://www.facebook.com/excellencemedia

Post a Comment

 
Top