ဆီးဂိမ်း ပြိုင်ပွဲ (၂၇) ကြိမ်မြောက်တွင် အခ ပေးရုပ်သံဖြစ်သည့် Sky Net ရုပ် သံလိုင်းမှ အားကစားနည်း ၃၃ မျိုးထုတ်လွှင့်ပြသမည်ဖြစ်ကြောင်
ယင်းနှင့်ပတ်သက်၍ Sky Net မှ အကြီးတန်းအရာရှိက ''အား ကစားနည်း ၁ရမျိုးရိုက်ကူးရမယ်။ လက်ရှိမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့ နဲ့ နောက်ကျပွဲစဉ်တွေထုတ်လွှင့် နိုင်ဖို့အတွက် စီစဉ်နေပါတယ်။ ချန် နယ်တွေကနေ အားကစားနည်း ၃၃မျိုး ထုတ်လွှင့်ပေးသွားမှာဖြစ် ပါတယ်''ဟု ၎င်းက ပြောသည်။
အားကစားနည်း ၃၃မျိုး တွင် Sky Net ရုပ်သံလိုင်းမှ ၁ရ မျိုးရိုက်ကူးမည့် အားကစားနည်း များအနက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ၊ ရိုးရာခြင်းနှင့် ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ မွေလက်ဝှေ့ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ ဒိုင် ဗင်ပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ မြင်း အလှစီးပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ တိုက် ကွမ်ဒိုပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲ၊ သေနတ်ပစ်ပြိုင်ပွဲ၊ ကျောက် ဒိုးလှိမ့်ပြိုင်ပွဲ၊ ဟော်ကီပြိုင်ပွဲ၊ တုတ် သိုင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ နပန်းပြိုင်ပွဲတို့ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ဖွင့်ပွဲ၊ ပိတ်ပွဲအပါအဝင် အားကစား နည်း ၂ဝကို တိုက်ရိုက်ထုတ်လွှင့် ပေးမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖွင့်ပွဲ၊ ပိတ်ပွဲ နှင့် အားကစားနည်းနှစ်မျိုး၊ Sky Net ရုပ်သံလိုင်းမှ အားကစား နည်း ကိုးမျိုး၊ Forever Group မှ ခုနစ်မျိုး တိုက်ရိုက်ထုတ်လွှင့် မည်ဖြစ်သည်။ယင်းနှင့်ပတ်သက်၍ မြန် မာ့အသံမှတာဝန်ရှိသူက ''ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားနဲ့ ယူ-၂၃ ဘော လုံးပြိုင်ပွဲကို ရုပ်သံသုံးလိုင်းက ထုတ်လွှင့်ပေးမယ်''ဟုဆိုသည်။
ယင်းအပြင် ဆီးဂိမ်းအား ကစားပြိုင်ပွဲနှင့်စပ်လျဉ်းသည့်
Ref : 27th Sea Games, Myanmar 2013 Face book စာမျက်နှာပေါ်မှကူးယူဖော်ပြထားခြ
အေးချမ်းမွန် Credit To >Yatanarpon Call Center
Post a Comment