ရန်ကုန် နိုဝင်ဘာ ၂၉
တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေးတာဝန်ခံ မစုစုနွေး၊ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူ မအိရွှေစင်ညွန့်နှင့် ၈၈မျိုးဆက်အဖွဲ့၊ အလုပ်သမားရေးရာမှ မမာမာဦးတို့သည် ယနေ့နေ့လည် ၁၂းဝဝနာရီတွင် Starjet လေကြောင်းလိုင်းဖြင့် စင်္ကာပူနိုင်ငံမှတစ်ဆင့် သြစတြေးလျ နိုင်ငံ ပါ့သ်မြို့သို့ ထွက်ခွာသွားကြသည်။
မစုစုနွေး၊ မအိရွှေစင်ညွန့်နှင့် မမာမာဦးတို့ကို Southern Initiative on Globalization & Trade Union Rights (SIGTUR) အဖွဲ့၏ ဆယ်ကြိမ်မြောက်ကွန်ဂရက်ကို တက်ရောက်ရန်အတွက် သြစတေးလျနိုင်ငံအခြေစိုက် သြစတြေးလျ နိုင်ငံ အလုပ်သမားသမဂ္ဂများကောင်စီက ဖိတ်ကြားခြင်းဖြစ်သည်။
( ဒီဇင်ဘာလ(၂)ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် အဆိုပါကွန်ဂရက်တွင်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားမည်ဖြစ်ကြောင်းလည်းကြားသိရပြီးအဆိုပါ
နေ့ မှာဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံသို့ ပြန်လာမည့်နေလည်းဖြစ်၏)
credit-Su Su Nway
အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia
Post a Comment