0


ရင့်လဲ ....ရင့် ...
ရော်လဲ...ရော် ....
ထော်လဲ....ထော်ခဲ့

သေချာတာဆိုလို့
အပူအအေးမျှဖို့ မနဲဆောက်တည်နေရတဲ့
ယိုင် နဲ့နဲ့ မိသားစုလေးတစ်ခုသာ ။

အလိုမကျမှုတွေများတိုင်းလဲ
ဇင်ယော်တွေ ပျံဝဲဆော့ကစားနေတဲ့
ပင်လယ်ကိုပဲ ခဏခဏ..ထွက်ခဲ့ရတယ် ။

အချိုးကျဖို့အရေး
နေ့နေ့ညည
ဒိုးတူဘောင်ဖက် လုပ်ကိုင်လိုက်ရတာ
မဖြစ်နိုင်တာတွေ များသလောက်
သတ်ပုံမှားညတွေအောက်မှာ
အတိတ်နဲ့ ပစ္စုပ္ပန်ဟာ အရောရော အထွေးထွေး ။

ပြည့်စုံမှုကင်းဝေးလေလေ
သံသရာဟာ ပိုရှည်လျားလေတော့
သင်ယူစရာတွေပဲများလာတော့တယ် ။

ဆံပင်ဖြူတာကလွဲပြီး
ပြောင်းလဲမှု ကြီးကြီး မားမားဆိုတာ
ပြက္ခဒိန်တချို့နဲ့ ..အမှိုက်ခြင်းတချို့ ။

ဖေါက်ထွက်ဖို့ပြင်တိုင်းလဲ
ကြိုးလေးတစ်ချောင်းနဲ့ အငင်ခံနေရ တော့
ကိုယ်လျှောက်မဲ့လမ်း ကို
ကို ကိုယ်တိုင်
ပြင်ရင်း ...လျှောက် ...
လျှောက်ရင်း ...နဲ့ပဲပြင် ..ခဲ့...
ငါ့စိတ်ဥယျာဉ်မှာတော့
ရော်ရွက်တွေ တွဲလဲခိုနေကြတယ်
ပင်စည်နဲ့ ကင်းကွာသွားသမျှ
လေတိုက်တိုင်းပဲ မြောလွင့်နေတော့ တယ် ။

( တစ်ပွင့်ပန်း )

အေးချမ်းမွန် Credit To >နှလုံးသားအာဟာရ < Thankhttps://www.facebook.com/excellencemedia
4

Post a Comment

 
Top