Thursday, 28 November 2013
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အမျိုးသမီး ဘောလုံးပွဲစဉ်၌ အုပ်စု(ခ)တွင် ထိုင်း၊ လာအို၊ မလေးရှား စသည့် အသင်းများ နှင့်အတူ ကျရောက် လျက်ရှိပြီး အရှေ့တီမော နိုင်ငံ ကိုယ်စားပြု အမျိုး သမီး ဘောလုံး အသင်းသည် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ပါသည်။
ထိုသို့ နုတ်ထွက်မှုကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ်ထံ တင်ပြ၍ ပွဲစဉ်ဇယား ပြန်လည် ရေးဆွဲရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်လျက် ရှိပြီး၊ အမျိုးသမီး ဘောလုံး အသင်းမှ ပြိုင်ပွဲမစတင်မီ ကပင် နုတ်ထွက်သွား ခဲ့သော ဘောလုံးအသင်း နှစ်သင်းရှိခဲ့ပြီး ပထမ အသင်းမှာ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အမျိုးသမီး ဘောလုံး အသင်း ဖြစ်ပြီး ဒုတိယ အသင်းမှာ အရှေ့ တီမော အမျိုးသမီး ဘောလုံး အသင်းတို့ ဖြစ်ကြောင်း၊ အုပ်စု(က) ပါဝင် သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း မှာမူ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အမျိုးသမီး ဘောလုံး အသင်းများနှင့် ရင်ဆိုင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment