0

ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေသည် ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ အိန္ဒိယ ရေတပ်မှ Rear Admiral Monty Khanna, Assistance Chief of Naval Staff (Foreign Cooperation and Intelligence) အား လက်ခံ တွေ့ဆုံသည်။

ထိုသို့ လက်ခံ တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ နှင့်အတူ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်းနှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ တက်ရောက် ကြပြီး Rear Admiral Monty Khanna နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ ရေတပ် စစ်သံမှူးတို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မြန်မာ- အိန္ဒိယ တပ်မတော် (ရေ) နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြပြီး တွေ့ဆုံပွဲအပြီးတွင် အမှတ် တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

အေးချမ်းမွန် Credit To >မြ၀တီ https://www.facebook.com/excellencemedia

Post a Comment

 
Top