0

Friday, November 8, 2013

ဓာတ်ပေါင်းဖိုကို တာဝန်ယူ လည်ပတ်နေသည့် TEPCOက အန္တရာယ် များလှသည့် ရွှေ့ပြောင်းမှု အစီအစဉ်ကို ယနေ့စတင်ပြီဟု အတည်ပြု ပြောကြား

ဂျပန်နိုင်ငံရှိ နျူကလီးယား ယိုစိမ့်မှုများ ဖြစ်ပွားခဲ့ရာ ဖူကူရှီးမားဒိုင်ချီ ဓာတ်အားပေး စက်ရုံရှိ ဓာတ်ပေါင်းဖိုတွင် နျူကလီးယား လောင်စာချောင်းများ ဖယ်ရှားမှုကို စတင်ပြုလုပ်နေပြီဟု သိရှိရသည်။ ဓာတ်ပေါင်းဖိုကို တာဝန်ယူ လည်ပတ်နေသည့် TEPCOက အန္တရာယ် များလှသည့် ရွှေ့ပြောင်းမှု အစီအစဉ်ကို ယနေ့စတင်ပြီဟု အတည်ပြု ပြောကြားခဲ့သည်။ ပက်ကြားအက်နေသော ဓာတ်ပေါင်းဖိုမှ အဆိုပါ လောင်စာချောင်းများကို ထုတ်ယူရန် ကိစ္စသည် အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေ တစ်ရပ်ဟု Tepcoက ဝန်ခံခဲ့သည်။ ယင်းဓာတ်ပေါင်းဖိုကြီးသည် (၂၀၁၁)ခုနှစ်က ဖြစ်ပွားသည့် ငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆူနာမီ ရေလှိုင်းများကြောင့် ကွဲအက်ကာ ယိုစိမ့်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

Tepcoသည် ဓာတ်ပေါင်းဖိုကို ပိတ်ထားပြီး ဖြစ်သော်လည်း လောင်စာချောင်းများ ဖယ်ထုတ်ရေးသည် စွန့်စားမှုကြီးတစ်ခု ဖြစ်နေဆဲဟု ဆိုသည်။ "လောင်စာချောင်းတွေကို ဖယ်ရှားလိုက်တယ် ဆိုတာက အလုံးစုံ ဖျက်သိမ်းခြင်းရဲ့ အစလို့တော့ ပြောနိုင်ပါတယ်"ဟု ဓာတ်ပေါင်းဖို၏ ကွပ်ကဲရေး အရာရှိ အာကီရာအိုနိုက နစ်ကီရှင်ဘွမ်း သတင်းစာသို့ ပြောကြားခဲ့သည်။ (၂၀၁၁)ခုနှစ်၊ မတ်လက လှုပ်ရှားခဲ့သော ငလျင်ကြီးသည် ဓာတ်ပေါင်းဖို၏ အအေးပေး စနစ်ကို ပျက်စီးသွားစေပြီး သမိုင်းတစ်လျှောက် ဒုတိယမြောက် အဆိုးရွားဆုံး နျူကလီးယား ယိုစိမ့်မှု ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ Tepcoသည် ယိုစိမ့်မှု ဖြစ်ပေါ်ရာ ဓာတ်ပေါင်းဖိုကို ရှင်းလင်းရန် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ (၅၀.၇)ဘီလျံမျှထိ ကျသင့်နိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

အေးချမ်းမွန် Credit To >Planet Myanmar Network https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top