0


(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ အဋ္ဌမနေ့ ပွဲစဉ်များနှင့် အာဆီယံ ချစ်ကြည်ရေး သေနတ်ပစ် ပြိုင်ပွဲ (ASEAN Match) ပွဲစဉ်များကို ပြင်ဦးလွင်မြို့ တပ်မတော် စက်ပစ်ကွင်း၌ ကျင်းပရာ

ရိုင်ဖယ် သေနတ်ပစ် ပြိုင်ပွဲ ပွဲစဉ်(၆) အသင်းလိုက် ပြိုင်ပွဲများကို မီတာ ၆ဝဝ စက်ပစ်ကွင်း၌ လည်း ကောင်း၊ အာဆီယံ ချစ်ကြည်ရေး သေနတ်ပစ် ပြိုင်ပွဲများမှ ပစ္စတို (အမျိုးသား)၊ ပစ္စတို (အမျိုးသမီး)၊ ကာဘိုင်၊ ရိုင်ဖယ်နှင့် စက်သေနတ် ပြိုင်ပွဲများကို မီတာ ၁ဝဝ၊ မီတာ ၂ဝဝနှင့် မီတာ ၆ဝဝ စက်ပစ်ကွင်း များ၌ လည်းကောင်း အသီးသီး ယှဉ်ပြိုင် ပစ်ခတ်ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် သတ္တမနေ့ ယှဉ်ပြိုင်ခဲ့ကြသည့် ပွဲစဉ်များအတွက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို တပ်မတော် စက်ပစ်ကွင်း၌ ကျင်းပရာ ပစ္စတို (အမျိုးသား) ပွဲစဉ်(၅) အသင်းလိုက် ပြိုင်ပွဲများတွင် ပထမဆု ရရှိသော ထိုင်းနိုင်ငံ သေနတ်ပစ် အသင်း၊ ဒုတိယဆု ရရှိသော စင်ကာပူနိုင်ငံ သေနတ်ပစ် အသင်းနှင့် တတိယဆု ရရှိသော မလေးရှား နိုင်ငံ သေနတ်ပစ် အသင်းတို့အား (၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ် ပစ်ပြိုင်ပွဲ မှတ်တမ်း နှင့်စာရင်းအင်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဇော်ဝင်းက လည်းကောင်း၊ ပစ္စတို အမျိုးသမီး ပွဲစဉ်(၄) အသင်းလိုက် ပြိုင်ပွဲများတွင် ပထမဆု ရရှိသော ထိုင်းနိုင်ငံ သေနတ်ပစ် အသင်း၊ ဒုတိယဆု ရရှိသော ဗီယက်နမ်နိုင် ငံ သေနတ်ပစ် အသင်းနှင့် တတိယဆု ရရှိသော အင်ဒိုနီးရှားနိုင်ငံ သေနတ်ပစ် အသင်းတို့အား (၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ရေးနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်းဦးက လည်းကောင်း၊ စက်သေနတ်ပစ် ပြိုင်ပွဲ ပွဲစဉ်(၃) အသင်းလိုက် ပြိုင်ပွဲများတွင် ပထမဆု ရရှိသော အင်ဒိုနီးရှားနိုင်ငံ အသင်း၊ ဒုတိယဆု ရရှိသော ဖိလစ်ပိုင် နိုင် ငံ အသင်းနှင့် တတိယဆု ရရှိသော ထိုင်းနိုင်ငံ အသင်းတို့အား ရိုင်ဖယ်နှင့် စက်သေနတ် စက်ပစ်ကွင်း ကွင်းမှူး ဗိုလ်မှူး ကျော်သူဝင်းတို့က လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

ထို့အတူ အာဆီယံ ချစ်ကြည်ရေး သေနတ်ပစ် ပြိုင်ပွဲ (ASEAN Match) ပွဲစဉ်များမှ ဆုပေးပွဲ အခမ်းအနားများကို သက်ဆိုင်ရာ စက်ပစ်ကွင်းများ၌ ကျင်းပရာ တာဝန်ရှိ သူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

အေးချမ်းမွန် Credit To > မြ၀တီ https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top